Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ဂဏန်းထမင်းကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ထိုင်းစားသောက်ဆိုင်တွင် သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း ပြုလုပ်နိုင်တဲ့ ထိုင်းဂဏန်းထမင်းကြော်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ထမင်း၊ ကြက်ဥ၊ ဂဏန်းသား၊ ငံပြာရည်၊ သကြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဆီ၊ ငရုတ်ကောင်းမှုန့်နှင့် ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။



ပထမဆုံး ကြက်သွန်ဖြူကို လှီးဖြတ်ထားပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။ ပြီးလျှင် ကြက်ဥကို ခလောက်ပြီး မွှေထားပါ။

 

ပြီးလျှင် ထမင်းကြော်မည့် ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူကို ဆီသတ်ပေးပါ။ ကြက်သွန်ဖြူအနံ့မွှေးလာလျှင် ထမင်းကို ထည့်၍ ကြော်လိုက်ပါ။

 

ပြီးနောက် ထမင်းကြော်အိုးထဲသို့ ဂဏန်း၊ ငံပြာရည်၊ ဟင်းခတ်မှုန့် တို့ထည့်၍ မသအောင်မွှေပေးပါ။ ပြီးလျှင် ထမင်းကြော်ထဲသို့ ကြက်ဥကို ထည့်၍ မွှေကြော်ပေးပါ။ ၎င်းနောက် ကြက်ဥကို ထမင်းဖြင့် သမအောင်မွှေပေး ထားပါ။

 

ထမင်းကြော် မီးဖိုပေါ်ကချခါနီးတွင် ငရုတ်ကောင်းမှုန့်ထည့်၍ သမအောင်မွှေပေးပါ။ ထို့နောက် ပါးပါးလှီးထားသော ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူတို့ကိုထည့်ပြီးရောမွှေထားပါ။ မွှေပြီးလို့ အနံ့မွှေးလာပြီဆိုရင် မီးဖိုပေါ်မှ ချလိုက်ပါ။

 

ပြီးနောက် အရသာရှိတဲ့ ထိုင်းစတိုင် ဂဏန်းထမင်းကြော်ကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:47
Rate this item
(1 Vote)