Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းသစ်သီး လာအိုရထားလမ်းမှ တရုတ်သို့ တင်ပို့

ထိုင်းသစ်သီး လာအိုရထားလမ်းမှ တရုတ်သို့ တင်ပို့



လာအို - တရုတ် ရထားလမ်းကို ထိုင်းသစ်သီးများ တရုတ်သို့ တင်ပို့ရန်အတွက် မတ်လ ၂၈ မှာပထမဆုံးအကြိမ် စတင်အသုံးပြုခဲ့ကြောင်း ထိုင်းနိုင်ငံမှ The Nation သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။

ဒူရင်းသီး တန်ချိန် ၄၀ ထည့်ထားတဲ့ ပေ၄၀ ကွန်တိန်နာ နှစ်လုံး၊ အုန်းသီး တန်ချိန် ၂၀ ထည့်ထားတဲ့ ကွန်တိန်နာတစ်လုံးတို့ကို ထိုင်းနိုင်ငံ Rayong မှ လာအိုနိုင်ငံရှိ Thanaleng ဘူတာရုံသို့ ပေးပို့ခဲ့ပါတယ်။ ထိုမှတစ်ဆင့် ရထားဖြင့် တရုတ်နိုင်ငံသို့ မတ်လ ၂၇ ရက်မှာ ဝင်ရောက်ခဲ့ပြီး ကူမင်းမြို့သို့ ပို့ဆောင်ခဲ့ပါတယ်။
လာအို - တရုတ် ရထားလမ်းဟာ အမြန်ဆုံး ရောက်ရှိနိုင်တဲ့ လမ်းကြောင်းဖြစ်ပြီး Rayong မှ ကူမင်းအထိ လေးငါးရက်သာ ကြာပါတယ်။

Covid-19 အရေးကြောင့် ထိုင်းသစ်သီးများ တရုတ်နိုင်ငံသို့ တင်ပို့ရန် ပြဿနာအချို့ ရှိနေဆဲဖြစ်ပြီး အခက်အခဲများကို ကျော်လွှားဖို့ လိုအပ်တဲ့ ဆောင်ရွက်မှုများ လုပ်ဆောင်ပေးရကြောင်း လာအို - တရုတ် ရထားလမ်းမှ မန်နေဂျာ တစ်ဦးဖြစ်သူ Somkiat Mansiripibul က The Nation ကို ပြောကြားပါတယ်။

ယခုနှစ် ဇန်နဝါရီလမှာ ထိုင်းဆန် တန်ချိန် ၁,၀၀၀ ကို ထိုင်းမှ တရုတ်သို့ လာအို - တရုတ်ရထားလမ်းမှ တင်ပို့ခဲ့ပါတယ်။

ထိုင်းဆန် တရုတ်-လာအို ရထားလမ်းသစ်မှတစ်ဆင့် ပထမဆုံးအသုတ် စတင် တင်ပို့

Lao News Agency မှ ဖော်ပြတဲ့ သတင်းအရ မတ်လ ၃ ရက်အထိ လာအို - တရုတ်ရထားလမ်းကို အသုံးပြုပြီး ကုန်တန်ချိန် ၁.၁ သန်း ပို့ဆောင်ခဲ့ပါတယ်။ ထရပ်ကားများဖြင့် သယ်ယူစရိတ်ထက် ရထားက ၃၀~၄၀% သက်သာတဲ့အပြင် နယ်ခြားဂိတ် ကှိဗစ်တင်းကျပ်မှုကို ဖြတ်သန်းဖို့ ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။

Read times
Rate this item
(0 votes)