Thiland



တရုတ်နိုင်ငံသို့ ထိုင်းသစ်သီးဝလံ ဘတ် ၁၆၉ ဘီလီယံကျော်ဖိုး တင်ပို့ခဲ့

တရုတ်နိုင်ငံသို့ ထိုင်းသစ်သီးဝလံ ဘတ် ၁၆၉ ဘီလီယံကျော်ဖိုး တင်ပို့ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သစ်သီးဝလံ အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ခဲ့ပြီး ဘတ် ၁၆၉ ဘီလီယံကျော် ရရှိခဲ့ပါသည်။

.

တရုတ်နိုင်ငံသည် ယမန်နှစ်က ထိုင်းသစ်သီးဝလံတန်ချိန် ၂ ဒသမ ၁၇ သန်းထက်မနည်း တင်သွင်းခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Buraphachaisri က  ပြောကြားသည်။

ငှက်ပျောသီး၊ အုန်းသီး၊ ဒူးရင်းသီး၊ နဂါးမောက်သီးနှင့် ကနစိုသီးတို့ အများဆုံး ပါဝင်သည်။

.

အဆိုပါ သစ်သီးဝလံများကို လတ်ဆတ်သော၊ အေးခဲထားသော၊ အခြောက်၊ ပြုပြင်ခြင်း စသဖြင့် ပုံစံအမျိုးမျိုးဖြင့် တင်ပို့ခဲ့သည်။

တရုတ်နိုင်ငံတွင် စားသုံးသော ဒူးရင်းသီး ၉၅ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံမှ တင်သွင်းသည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ အုန်းသီး တန်ချိန် ၅၂၃,၀၀၀ တင်ပို့ခဲ့သည်။

ရေကြောင်းဖြင့် ၅၁% ၊ ကုန်းလမ်းဖြင့် ၄၈%၊ လေကြောင်းဖြင့် ၀.၅၄% တင်ပို့ခဲ့ပါသည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ ဆန်လည်း အကြီးအကျယ်တင်ပို့သည်။

ယခုနှစ် ပထမသုံးလပတ်တွင် ထိုင်းမှ ဆန် ၂,၀၆၃,၉၂၇ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါသည်။ ပို့ကုန်ဆန်မှ ဝင်ငွေ ဘတ် ၃၈,၀၆၆ သန်း ရရှိခဲ့ပါသည်။ 

 

Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Monday, 24 April 2023 13:38
Rate this item
(0 votes)