Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် သခွားသီးထောင်း

အခုလိုအချိန် ရာသီဥတုက အေးအေးလေးနဲ့ ပူပူစပ်စပ်လေး လုပ်စားမယ်ဆိုတဲ့သူတွေအတွက်ကို 

စားနေရင်းနဲ့ ဇွန်းကိုလက်က မချချင်လေအောင် ဆွဲဆောင်စေမယ့် ထိုင်းစတိုင်လ် သခွားသီးသုပ် ချို ချဉ် ငံ စပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ သခွားသီး၊ ငရုတ်သီးစိမ်းအနီတောင့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ သံပရာသီး၊ ထန်းလျက်ခဲ၊ ပုစွန်ခြောက်၊ ငါးငံပြာရည်၊ သံပရာရည်၊ မြေပဲလှော် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး သခွားသီးကို အခွံခွာ အလုံးလိုက် ရေဆေးပြီး အရှည်လိုက်လေးခြစ်ထားပြီး ရေခဲသေတ္တာထဲမှာ မိနစ်အနည်းငယ်ကြာ ထည့်ထားပါ။

 

ပြီးလျှင် ခရမ်းချဉ်သီးကို ရေဆေးပြီး လှီးထားပါ။ ပဲတောင့်ရှည်များကိုလည်း ရေဆေးပြီး တစ်လက်မခန့် အနေတော်လေးရအောင် လှီးဖြတ်ထားပါ။

 

Read More >>>>> ထမင်းမြိန်စေမယ့် ရှမ်းစတိုင်လ် မှိုချဉ်‌စပ်‌ချက်‌နည်း

 

ပြီးနောက် ကြက်သွန်နီကို အခွံခွာပြီး ရေဆေး၍ မထူမပါး လှီးထားပါ။ ပြီးလျှင် မြေပဲလှော်ကို အခွံချွတ်ပေးထားပါ။

 

သံပရာသီးကို အူတိုင်ဖယ်ပြီး အစိတ်လေးတွေဖြစ်အောင် လှီးထားပါ။

 

ပြီးနောက် ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထောင်းထားပါ။

 

ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ပုဇွန်ခြောက်ထဲ ထည့်ထောင်းပါ။

 

ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အညှာခြွေပြီး မညက်တညက် ထည့်ထောင်းထားပါ။

 

ပြီးလျှင် ထန်းလျက်ခဲ ငါးငံပြာရည် သံပရာရည်တို့ထည့်ပြီး ငရုတ်ကျည်ပွေ့နှင့် သမအောင် ခပ်ဖွဖွ မွှေပေးပါ။

 

ပြီးနောက် မြေပဲ၊ ပဲတောင့်ရှည်နှင့် ခရမ်းချဉ်သီးထည့်ပြီး လေး ငါးချက်လောက် ခပ်ဖွဖွ ထောင်းပေးပါ။

 

အားလုံး သမသွားပြီဆိုတော့ရင်တော့ လှီးထားတဲ့ ကြက်သွန်နီ အအေးခံထားသော သခွားသီးနှင့် သံပရာရည်ညှစ်ပြီး အခွံပါထည့်ကာ ခပ်ဖွဖွလေး ထောင်းပြီးမွှေပေးထားပါ။

 

ချို ချဉ် ငံ စပ်ပြီး မွှေးနေတဲ့ သခွားသီးထောင်းကို ထောင်းလို့ထွက်လာသော အရည်များပါ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပြီး မြေပဲလှော်ကို အပေါ်ယံဖြူးပြီးရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် သခွားသီးထောင်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 11:51
Rate this item
(2 votes)