Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ကော့သောင်းနယ်စပ် ရေထွက်ပစ္စည်းတင်ပို့မှုကို ထိုင်းနိုင်ငံမှ စည်းကမ်းများတိုးမြှင့် တင်းကြပ် ကန့်သတ်

ကော့သောင်းနယ်စပ် ရေထွက်ပစ္စည်းတင်ပို့မှုကို ထိုင်းနိုင်ငံမှ စည်းကမ်းများတိုးမြှင့် တင်းကြပ် ကန့်သတ် MDN

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု ကာလတစ်လျှောက် မြန်မာထိုင်းနယ်စပ်ဖြတ်သန်း သွားလာမှုများ ပိတ်သိမ်းထားခဲ့သော်လည်း

ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး နှစ်နိုင်ငံတာဝန်ရှိအဖွဲ့အစည်းများ ညှိနှိုင်းသဘောတူညီမှုဖြင့် မြန်မာနိုင်ငံမှ ပြည်ပပို့ကုန် ရေထွက်ပစ္စည်း တင်ပို့ရောင်းချမှုနှင့် ပြည်ပမှ အခြေခံ စားသောက်ကုန် ဝယ်ယူတင်သွင်းမှုများကို မြန်မာထိုင်းနယ်စပ်ဖြစ်သည့် ကော့သောင်း-ရနောင်း ရောင်းဝယ်ဖေါက်ကားမှုကို ရောဂါထိန်းချုပ်မှုစည်းကမ်းချက်များဖြင့် ဆက်လက် ခွင့်ပြုထားရာမှ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ပြန်လည် မြင့်တက်လာသဖြင့် ထိုင်းနိုင်ငံဖက်မှ ရေထွက်ပစ္စည်း ရောင်းဝယ်မှု လုပ်ငန်းများတွင် စည်းကမ်းများ တိုးမြှင့်တင်းကြပ် ကန့်သတ်ထားသည်။

 

ထိုင်းနိုင်ငံ ရနောင်းမြို့အတွင်း နယ်စပ်တရားဝင်ဂိတ်အဖြစ် စဖန်ပလား ဂိတ်တစ်ခုတည်းမှ ကုန်စည် တင်သွင်း ရောင်းဝယ်မှုကိုဆောင်ရွက် ကြရမှာဖြစ်ပြီး ကုန်ပစ္စည်းလာရောက်တင်ပို့ ရောင်း/ဝယ် သူများ အနေဖြင့် မိမိလှေအတွင်းနေထိုင်ကြရေးနှင့် ဆိပ်ကမ်းပေါ်သို့တက်ရောက်ခွင့်မပြုဘူးလို့ သိရသည်။

 

ဒါ့အပြင် အခြားနယ်စပ်ဂိတ်များ အားလုံးကို သြဂုတ်လ ၃၁ရက်နေ့မှ စတင်၍ ရပ်နားပိတ်သိမ်း ထားသည်။ ထိုင်းနိုင်ငံအတွင်းသို့ ဝင်/ထွက်မှု ပြုလုပ်နိုင်သည့်နေရာများအားလုံးတွင်လုံခြုံရေး ဆိုင်ရာ ပူးပေါင်း အဖွဲ့များ တင်းကြပ်စွာ ချထားစောင့်ကြည့် ကာကွယ်လျှက်ရှိပြီး တရားမဝင် ဝင်/ထွက် သွားလာမှုများအား ရေကြောင်းကာကွယ် တားဆီးစစ်ဆေးမှုများ အင်အားပြည့်အသုံးပြု ဆောင်ရွက်လျှက်ရှိသည်။

 

ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှလည်း ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေထွက်ပစ္စည်း တင်ပို့ရောင်းချမည့် ငါးသယ်လှေများအနေဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များ၏ စစ်ဆေးမှု ခံယူကာ မလိုလားအပ်သည့် ဖြစ်စဉ်များမပေါ်ပေါက်ရေး သက်ဆိုင်ရာ သတ်မှတ်ထားသည့် နယ်စပ်ဂိတ်တွင် နံနက်(၈)နာရီမှ မွန်းလွဲ(၁)နာရီအတွင်း လုပ်ငန်းများအပြီး ဆောင်ရွက်ကြရေး နှင့်ရေယာဉ်နှင့် လိုက်ပါမည့် လုပ်သားများလှေပေါ်တွင်သာနေထိုင်ကြရေး သက်ဆိုင်ရာ ရေလုပ်ငန်း လုပ်ကိုင်သူများအား ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားတယ်လို့လည်း သိရသည်။

 

By Wyk (Myanmar Food Guide)

 

MDN

Read times
Rate this item
(0 votes)