Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် တုံ့ယမ်းထမင်း​ကြော်

ထမင်းကြော် အရမ်းကြိုက်ပြီး ပုံစံရိုးရိုးစားရတာငြီးငွေ့နေသူများအတွက် ပုံစံအသစ် တစ်မျိုးနဲ့

အရသာထူးကဲလှတဲ့ ပင်လယ်စာ ထိုင်းစတိုင်လ် တုံ့ယမ်းထမင်းကြော် ချဉ်စပ်ကြော်လေး ကို တင်ပြလိုက်ပါတယ်။


တုံ့ယမ်းကို များသောအားဖြင့် ဟင်းချိုပဲ လုပ်သောက်ကြတာများပါတယ်။ ယနေ့တွင်တော့ တုံ့ယမ်းထမင်းကြော်လေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ထမင်းဖြူ၊ ကြက်ဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ တုံ့ယမ်းအနှစ်၊ ပုစွန်၊ စပါးလင်၊ ရှောက်ရွက်၊ ပဒဲကော၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ ခရုဆီ၊ နံနံပင်၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ဆီ တို့ လိုအပ်ပါမယ်။

ပထမဆုံး ဆန်ကိုရေဆေးပြီး ပေါင်းအိုးဖြင့် တည်ထားပေးပါ။ ပြီးလျှင် ထမင်းဖြူကို အအေးခံထားပါ။ ပုစွန်ကို ကျောခွဲပြီး ရေဆေးသန့်စင်ထားပါ။

 

ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းကိုလည်း ပါးပါးလှီးထားပါ။ စပါးလင်ကိုနုသည့်အပိုင်းထိ ခွာပြီးပါးပါးလှီးထားပါ။

 

ပဒဲကောကိုလည်း ပါးပါးလှီးထားပါ။ ရှောက်ခါးရွက်ကိုလည်း အမျှင်လေးဖြစ်အောင်လှီးဖြတ်ထားပါ။

 

ကြက်ဥကိုခေါက်ထားပါ။ ခရမ်းချဉ်သီးကိုလည်း လှီးဖြတ်ထားပါ။

 

အမယ်အားလုံး အဆင်သင့်ဖြစ်ပါက ဒယ်အိုးကိုအပူပေးပြီး ဆီအနည်းငယ်ဖြင့် အိုးကင်းကပ်ပါးပါးလေးကြော် လိုက်ပါ။

 

ပြီးလျှင် ဆီထည့်ပြီး ပုစွန်ကြာ်လိုက်ပါ။ ကျက်ပြီဆိုရင် ဖယ်ထုတ်ထားပါ။

 

ပြီးနောက် ဆီထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ပဒဲကော၊ ရှောက်ရွက်တို့ကိုဆီသပ်ပါ။ နွမ်းပြီဆိုရင် တုံ့ယမ်းအနှစ်ထည့်ပြီး ဆီသပ်ပါ။

 

နောက်မှ ထမင်းဖြူထည့်၊ ငံပြာရည်၊ ခရုဆီထည့်ပြီး သမအောင်ရောမွှေပေးပါ။

 

ပြီးရင်တော့ အရသာ အပေါ့အငံ မြည်းကာ ကြက်ဥ၊ ပုစွန်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးတို့ကိုထည့်၍ သမအောင်မွှေပေးပါ။

 

နောက်ဆုံး၌ ပန်းကန်တွင်တည်ခင်းကာ နံနံပင်၊ သခွားသီးနှင့်တွဲဖက်တယ်ဆိုရင်ဖြင့်  အရသာရှိတဲ့ ထိုင်းစတိုင်လ် တုံ့ယမ်းထမင်းကြော်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Tuesday, 18 September 2018 15:54
Rate this item
(2 votes)