Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ချိစ်ကြက်ဥချောင်းပေါင်မုန့်လိပ်ကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အဆာပြေ အိမ်တွင် လုပ်စားနိုင်တဲ့

ချိစ်ကြက်ဥချောင်းပေါင်မုန့်လိပ်ကြော် လုပ်နည်းကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပေါင်မုန့်၊ ကြက်ဥချောင်း၊ ချိစ်၊ ကြက်ဥ၊ မုန့်ကြွပ်ကြော်အနည်းငယ် တို့လိုအပ်ပါမယ်။

 

ပေါင်မုန့်ကို ဘေးသားတွေဖယ်ပြီး ဒလိမ့်တုံးဖြင့် ပေါင်မုန့်ပြားအောင်လှိမ့်ပေးထားပါ။ ပြီးလျှင် ကြက်ဥကို ခလောက်ပြီးမွှေထားပါ။ မုန့်ကြွပ်ကြော်ကို အသင့်ထည့်ထားပါ။

 

ပေါင်မုန့်ထဲသို့ ချိစ်ပြားနှင့် ကြက်ဥချောင်းထည့်ပြီးလိပ်ပေးပါ။ လိပ်ထားသော အလိပ်မပြေအောင် တုတ်ချောင်းသေးသေးဖြင့် ထိုးပြီး ထိန်းထားပါ။

 

ပြီးလျှင် ကြက်ဥ မွှေထားသည့် ခွက်ထဲသို့ နှစ်လိုက်ပါ။ ၎င်းနောက် မုန့်ကြွပ်ကြော်ကပ်လိုက်ပါ။ မီးဖိုပေါ်သို့ ဒယ်အိုးတင်ပြီး ဆီထည့်ပါ။

 

ပြီးနောက် ဆီပူပူထဲမှာ မီးအရှိန်နည်းနည်းဖြင့် အ၀ါရောင်သန်းနေအောင် ကြော်ပေးပါ။ နောက်ဆုံးတွင်တော့ ချိစ်ကြက်ဥချောင်းပေါင်မုန့်လိပ်ကြော်ကို အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 18:00
Rate this item
(1 Vote)