Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သားပင်စိမ်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း ချက်စားနိုင်တဲ့ ၀က်သားပင်စိမ်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်သား၊ ကြက်သွန်ဖြူ၊ ချင်း၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်အကျဲ၊ အပျစ်၊ ခရုဆီ၊ ဆီ၊ ကြက်သားမှုန့် နှင့် သကြားတို့ လိုအပ်ပါမယ်။

 

ပထမဆုံး ဝက်သားကို ရေဖြင့်သန့်စင်ဆေးကြောပြီးနောက် တောက်တောက်စဉ်းထားပါ။ ပြီးလျှင် ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်အပျစ်တို့နဲ့ နှံ့အောင်နယ်ပြီး မိနစ်အနည်းငယ်ခန့် နှပ်ထားပါ။

 

ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ်စဉ်းထားပါ။ ချင်းကို ညက်အောင် ထောင်းထားပါ။

 

ပင်စိမ်းကို အရွက်များသာခြွေယူကာ ရေဆေးပြီး ရေစစ်ထားပါ။ ငရုတ်သီးစိမ်းကို အညှာခြွေ ရေဆေးပြီး ထက်ခြမ်းခွဲလှီးထားပါ။

 

ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင်လိုက်ပါ။ ဒယ်အိုးထဲကဆီပူရင် ကြက်သွန်ဖြူနဲ့ ချင်းကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူနွမ်းရင် ဝက်သား၊ ပဲငံပြာရည်အကျဲ၊ ခရုဆီ၊ သကြားနဲ့ ငရုတ်သီးစိမ်းတို့ကို ထည့်လိုက်ပြီး မီးပြင်းပြင်းနဲ့ နှံ့သွားအောင် ကြော်ပေးပါ။

 

ပြီးရင် ရေနွေးကို အသားနူးရုံအပြင် ရေကျန်အောင်ထည့်ပြီး အဖုံးအုပ်ချက်ပါ။

 

အသားနူးပြီး ဆီပြန်၊ ရေကျန်အနေရောက်ရင် နောက်ဆုံးမှာ ပင်စိမ်းကိုအုပ်လိုက်ပါ။

 

အရသာအနေတော်ရင် ပန်းကန်ထဲထည့်ပြီး ထမင်းပူပူနွေးနွေးလေးနှင့် သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 17 September 2018 14:31
Rate this item
(1 Vote)