Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ကြွပ်ကြွပ်လေး ကင်းမွန်တန်ပူရာကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင် မိသားစုဆုံတုန်းလေး လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ကင်းမွန်တန်ပူရာကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


လိုအပ်သည့်အမယ်များကတော့ ကင်းမွန်၊ အကြော်မှုန့်၊ ပဲစိမ်းမှုန့်၊ ဆိုဒါမှုန့်၊ ရှာလကာ၊ ရည်ဆား၊ ဆီ၊ ကြက်သားမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကင်းမွန်ကို ရေဆေးသန့်စင်ပြီး အကွင်းလိုက်လှီးထားပါ။ ပြီးရင် ကြက်သားမှုန့်၊ ရှာလကာရည်တို့နဲ့ ရောနယ်ပေးထားပါ။

 

ပဲစိမ်းမှုန့်နဲ့ ဆိုဒါမှုန့်၊ အကြော်မှုန့်တို့ကို ရေနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်ထားပါ။ ပြီးရင်တော့ ကင်းမွန်နဲ့ အကြော်မှုန့်ဖျော်ထားတာတွေကို ရောပြီးသမအောင် ရောနယ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးထားပါ။ ဆီအရမ်းမပူခင်မှာ ကင်းမွန်တွေကို ထည့်၍ ကြော်လိုက်ပါ။

 

ကင်းမွန်များ ရွှေဝါရောင်သမ်းလာတဲ့ အခါကျရင် ဆယ်ပြီး ဇကာဖြင့် ဆီစစ်ပေးထားပါ။

 

ဆီစစ်ပြီးရင်တော့ မရောနိစ် သို့မဟုတ် ဆော့စ်နှင့် မိမိတို့ ကြိုက်နှစ်သက်ရာတစ်ခုခုနဲ့ တွဲပြီး ထိုင်းစတိုင်လ် ကင်းမွန်တန်ပူရာကြော်ကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:41
Rate this item
(3 votes)