Thiland



ထိုင်းလယ်ယာထွက်ကုန်များ ရထားလမ်းကွန်ရက်မှတစ်ဆင့် ဥရောပသို့ စတင် တင်ပို့

ထိုင်းလယ်ယာထွက်ကုန်များ ရထားလမ်းကွန်ရက်မှတစ်ဆင့် ဥရောပသို့ စတင် တင်ပို့

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းလယ်ယာထွက်ကုန်များ ကမ္ဘာ့‌ေဈးကွက်ထဲသို့ ရထားဖြင့် ပို့ဆောင်ပေးနိုင်ရန်အတွက် ရထားပို့ဆောင်ရေးကွန်ရက်ကို

• Global Multimodal Logistics (GML)၊ 

• Market Organization for Farmers (MOF) • Pan-Asia Silk Co Ltd (PAS)

တို့သည် မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့ကာ ပူးပေါင်းလုပ်ဆောင်ကြသည်။

 

အဆိုပါ ရထားပို့ဆောင်ရေး ကွန်ရက်သည် ထိုင်းနိုင်ငံကို တရုတ်၊ ရုရှားနှင့် ဥရောပသမဂ္ဂတို့နှင့် ချိတ်ဆက်ပေးထားမည်ဖြစ်သည်။

 

ပထမဆုံး ခရီးစဉ် စတင်ထွက်ခွာခဲ့ရာ၌ ထိုင်းလယ်ယာထွက်ကုန်များကို ရထားဖြင့် တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ ပို့ဆောင်မည်ဖြစ်ပြီး ထိုမှ တဆင့် ဥရောပသမဂ္ဂသို့ ပထမဆုံးအကြိမ် ရထားဖြင့် ပို့ဆောင်မည် ဖြစ်သည်။

 

အဆိုပါ ရထားသည် တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၀) တွင် ထိုင်းနိုင်ငံ Map Ta Phut ဘူတာမှ စတင်ထွက်ခွာခဲ့သည်။

 

ဒီဇင်ဘာ ၁၅ ရက်တွင် တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ ရောက်ရှိမည်ဖြစ်သည်။

ထို့နောက် ကုန်တွဲများသည် ရုရှားနှင့် ပိုလန် နိုင်ငံများသို့ ခရီးဆက်မည် ဖြစ်သည်။

 

photo_2023-12-11_18-49-02.jpg

 

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံကြား ပထမဆုံး တရားဝင် ရထားပို့ဆောင်ရေး ဝန်ဆောင်မှုကို နိုဝင်ဘာ ၁၇ ရက်တွင် စတင်ခဲ့ရာ ရထားသည် ချန်ဒူးမြို့မှ တွင် စတင်ထွက်ခွာခဲ့ပြီး  ထိုင်းနိုင်ငံ  Map Ta Phut ဘူတာသို့ ဆိုက်ရောက်ခဲ့သည်။

 

 တရုတ်-လာအို ရထားလမ်းကို အသုံးပြု၍ နှစ်နိုင်ငံအကြား ပထမဆုံး တရားဝင် ချိတ်ဆက်မှု စတင်လိုက်ခြင်း ဖြစ်သည်။

ယခုအခါ Map Ta Phut ဘူတာမှ ချန်ဒူးမြို့သို့ ရထား ပြန်လည်ထွက်ခွာခဲ့သည်။ ထိုင်းလယ်ယာထွက်ကုန်များသည် ချန်ဒူးသို့ ရောက်ရှိပြီးလျှင် ပိုလန်၊ ဘယ်လ်ဂျီယံနှင့် ဂျာမနီ အစရှိသော ဥရောပနိုင်ငံများသို့ ခရီးဆက်နိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့်ဇူလိုင်လတွင် China Railways က လာအိုရှိ ဗီယင်ကျန်းမြို့နှင့် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်သို့ ချန်ဒူးမှတစ်ဆင့် ဆက်သွယ်ပေးသည့် ပထမဆုံးရထား ခရီးစဉ်ကို စတင်ခဲ့ပါသည်။

Source freightway


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Monday, 11 December 2023 18:52
Rate this item
(0 votes)