Thiland



နိုဝင်ဘာ ထိုင်းဆန် ပို့ကုန်တန်ဖိုး ၆၈% မြင့်တက်

နိုဝင်ဘာ ထိုင်းဆန် ပို့ကုန်တန်ဖိုး ၆၈% မြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

နိုဝင်ဘာလအတွင်း ထိုင်းဆန်တင်ပို့မှုတန်ဖိုးသည် ယမန်နှစ် အလားတူကာလထက် ၆၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၃၂ သန်း (ဘတ် ၂၃ ဒသမ ၀၁ ဘီလီယံ)သို့ ရောက်ရှိခဲ့သည်ဟု ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အချက်အလက် ထုတ်ပြန်သည်။

 

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာအတွင်း ကန်ဒေါ်လာ ၄.၆၁ ဘီလီယံဖိုး တင်ပို့ခဲ့သည်။

 

အဓိက ပို့ကုန်ဈေးကွက်များတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အမေရိကန်၊ တောင်အာဖရိကနှင့် အယ်လ်ဂျီးရီးယားတို့ ပါဝင်သည်။

 

ဆန်ပို့ကုန်တန်ဖိုး မြင့်တက်ရသည်မှာ ပို့ကုန်ဆန်ဈေးနှုန်း  မြင့်တက်သောကြောင့်ဖြစ်သည်။ 

 

စပါယဆန်မွှေး တင်ပို့ရာ၌ ဒီဇင်ဘာလ ၁၃ ရက်တွင် တတန်လျှင် $874 အထိ မြင့်တက်နေပြီး ဒီဇင်ဘာလ ၂၀ တွင် တတန်လျှင် $897 သို့ ရောက်ရှိလာသည်။ 

 

၂၅% ဆန်ကွဲပါ ဆန်ဖြူသည် ဒီဇင်ဘာလ ၁၃ ရက်တွင် တတန်လျှင် $600 ရှိခဲ့ပြီး ဒီဇင်ဘာလ ၂၀ တွင် တတန်လျှင် $615 သို့ ရောက်ရှိလာခဲ့ပါသည်။ 

 

 Source nationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 26 December 2023 23:55
Rate this item
(0 votes)