Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယမ်ယမ်ခေါက်ဆွဲထောင်း

 

အထောင်းကြိုက်နှစ်သက်သူများအတွက် ယမ်ယမ်ကို ဒီအတိုင်းချည်းမစားဘဲ သင်္ဘောသီးထောင်းသကဲ့သို့ ပုံစံတူ အိမ်တွင် လွယ်လင့်တကူ ပြုလုပ်၍ စားသောက်နိုင်ပါတယ်။ ယမ်ယမ်ခေါက်ဆွဲထောင်းနည်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများ ယမ်ယမ်ခေါက်ဆွဲခြောက်၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ငါးပိ၊ ခရမ်းကြွပ်သီး၊ သကြား၊ ငါးငံပြာရည်၊ ပဲတောင့်ရှည်၊ သံပရာသီး၊ ပုစွန်ခြောက်၊ မြေပဲလှော်၊ ထန်းလျက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းအနီ တို့ လိုအပ်ပါမယ်။

 



ပထမဦးဆုံး ယမ်ယမ်ခေါက်ဆွဲခြောက်ကို နူးနေအောင်ပြုတ်ပြိး ရေအေးလောင်း၍ ရေစစ်ထားပါ။

 

 

ပြီးလျှင် သစ်သားငရုတ်ဆုံမှာ ထန်းလျက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းအနီကို ညက်အောင် ထောင်းထားပါ။

 



ပြီးရင်တော့ ပုစွန်ခြောက်၊ မြေပဲလှော်နှင့် ငါးပိကို ဇွန်းတစ်ဝက်ခန့်ထည့်ပြီး ထောင်းထားပါ။ ပုစွန်ခြောက်မသုံးရင်လည်း ပုစွန်အစိမ်းကို အခွံခွာပြီး ဆား၊ သံပရာရည်နှင့်နယ်ကာ အစားထိုးနိုင်ပါတယ်။

 



ပြီးနောက် သကြား၊ ငါးငံပြာရည်တို့ဖြင့် အရသာဖြည့်စွက်ပြီးသံပရာသီးကို အရည်ညှစ်ချကာအခွံတွေပါထည့်မွှေပါ။ ပြီးရင် ခရမ်းချဉ်သီး၊ ခရမ်းကြွပ်သီးတွေကို ပါးပါးလှီးထည့်ပြီး ပဲတောင့်ရှည်ကိုလက်တစ်ဆစ်ခန့်လှီးထည့်ပါ။

 

 

နောက်ဆုံးမှ ရေစစ်ထားတဲ့ ခေါက်ဆွဲပြုတ်ကိုထည့်ပြီး ထောင်းပေးပါ။ အပေါ်ယံမှ ကန်စွန်းရိုးနီ၊ ဂေါ်ဖီ တို့နှင့် ယမ်ယမ်ခေါက်ဆွဲထောင်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 10:05
Rate this item
(2 votes)