Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုနှစ် ထိုင်းပုစွန် အထွက်လျော့နည်း

ယခုနှစ် ထိုင်းပုစွန် အထွက်လျော့နည်း

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

 

ယခုနှစ်တွင် ထိုင်းပုစွန် အထွက်လျော့နည်းသည်။ 

ကျားပုစွန် black tiger နှင့် ခြေဖြူ whiteleg ပုစွန်တို့ကို အဓိအားဖြင့် ပြည်ပတင်ပို့သည်။

ပုစွန်ကန်များ ရောဂါကူးစက်သဖြင့် အရွယ်မရောက်ခင် ပုစွန်သေဆုံးမှု များပြားနေခဲ့သည်မှာ ၁၀ နှစ်ကျော် ရှိနေပြီဖြစ်သည်။

ယခုနှစ်တွင် မက်ထရစ်တန်ချိန် ၂၇၀,၀၀၀ ထုတ်နိုင်မည်ဟု ခန့်မှန်းထားသည်။

၂၀၁၁ ဝန်းကျင်တွင် မက်ထရစ်တန်ချိန် ၆၀၀,၀၀၀ ထုန်လုပ်နိုင်ခဲ့သည်နှင့် ယှဉ်ကြည့်လျှင် ထက်ဝက်ကျော် လျော့နည်းနေသည်။ 

ထိုင်းနိုင်ငံသည် ၂၀၁၂ အထိ ကမ္ဘာ့ပုစွန်အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ခဲ့သည်။ ၂၀၁၆ တွင် အိန္ဒိယနှင့် အီကွေဒေါ တို့၏ နောက်သို့ ထိုင်းနိုင်ငံ ရောက်ရှိသွားသည်။ 

၂၀၂၂ ဩဂုတ်လတွင် အိန္ဒိယနှင့် အီကွေဒေါတို့ထံမှ ပုစွန်တန်ချိန် ၁၀,၀၀၀ ကို ထိုင်းနိုင်ငံ တင်သွင်းခဲ့သည်။

ပြည်တွင်း ပုစွန်မွေးမြူရေးလုပ်ငန်းငယ်များ မထိခိုက်စေအောင် ထိုင်းပြည်တွင်း ပုစွန်ဈေးနှုန်း မကျစေဘဲ ပြည်ပမှ ပုစွန်တင်သွင်းခြင်းဖြစ်ကြောင်း ထိုင်းပုစွန်လုပ်ငန်းရှင်များအသင်းက ပြောကြားခဲ့သည်။

 

အပြည့်အစုံဖတ်ရှရန်

ထိုင်းပြည်တွင်း ပုစွန်ဈေးနှုန်း မကျစေဘဲ ပြည်ပမှ ပုစွန်တင်သွင်းခြင်းဖြစ်ကြောင်း ပြောကြား

 

ပြည်တွင်း ပုစွန်မွေးမြူရေးလုပ်ငန်းငယ်များအတွက် အနည်းဆုံးဈေး တစ်ကီလိုဂရမ် ဘတ် ၁၁၉~၁၈၀ ($3.16~$4.75) ရရှိရန် အာမခံချက် ပေးထားသည်။ 

ထိုင်းပုစွန်လုပ်ငန်းရှင်များအသင်း၊ Thai Shrimp Association ၏ အဆိုအရ ထိုင်းပုစွန်ကို အမေရိကန်သို့ အများဆုံး တင်ပို့သည်။ ဂျပန်သို့ ဒုတိယအများဆုံးတင်ပို့သည်။ 

Source asia.nikkei

Read times
Rate this item
(0 votes)