Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ကဏန်းပျော့ အကြွပ်ကြော်ချဉ်စပ်

ပင်လယ်စာကြိုက်နှစ်သက်သူများအတွက် ဆိုင်တွင်သွားရောက်စားစရာမလိုဘဲ အိမ်တွင်လည်း

လွယ်လင့်တကူကိုယ်တိုင်ကိုယ်ကျ ပြုလုပ်နိုင်တဲ့ ကဏန်းပျော့အကြွပ်ကြော်ချဉ်စပ်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကဏန်းပျော့၊ ငရုတ်သီးဆော့စ်၊ ခရမ်းချဉ်သီးဆော့စ်၊ ဟင်းခတ်မှုန့်၊ ငါးငံပြာရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ပြောင်းဖူးဆီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်နီ၊ ရှမ်းငရုတ်နီ၊ နံနံပင်၊ ကြက်ဥ၊ တန်ပူရာအကြော်မှုန့်၊ ခရုဆီ၊ နှမ်းဆီမွှေး၊ သံပရာရည်၊ ဆလပ်ရွက်၊ ငါးပြုတ်ရည်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကဏန်းပျော့ကို ရေဖြင့်သန့်စင်ဆေးကြောပြီး သံပရာရည်၊ ခရုဆီ၊ ဟင်းခတ်မှုန့်တို့နှင့် ရောနယ်ထားပါ။

 

ပြီးလျှင် ပာင်းဖူးဆီကို အပူပေးပြီး နယ်ထားသော ကဏန်းပျော့ကို တန်ပူရာ အကြော်မှုန့်နှင့် ကြက်ဥအရောအနှစ် တွင် အနည်းငယ် ကပ်၍ အကြွပ်ကြော်ထားပါ။

 

ပြီးနောက် ပြောင်းဖူးဆီ အနည်းငယ်ကို ဒယ်အိုးတွင် အပူပေး၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းအရည်တို့ နှင့် ဆီသတ်ပြီး ငရုတ်သီးဆော့စ်၊ ခရမ်းချဉ်သီးဆော့စ်၊ ရှမ်းငရုတ်နီ၊ ငါးငံပြာရည်၊ သကြား၊ နံနံပင်၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ငါးပြုတ်ရည်တို့ နှင့် အရသာကို စပ်ထားပါ။

 

ငရုတ်သီးနှင့် ခရမ်းချဉ်သီးအရော အနှစ်ကျက်လျှင် ကြက်ဥအကာကို ခေါက်၍ ထည့်ပြီး နှမ်းဆီမွှေး အုပ်၍ ပြင်ဆင်ထားပါ။

 

ပြီးနောက် အကြွပ်ကြော်ထားသော ကဏန်းပျော့ကို ဆလပ်ရွက်ခင်း၍ တင်ပြီး အသင့်ချက်ထားသော ချဉ်စပ်ဆော့စ်အနှစ် အပေါ်မှ ဆမ်းပြီး နံနံပင် အနည်းငယ်အုပ်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:37
Rate this item
(3 votes)