Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းသကြား ပြည်ပတင်ပို့မှု ထိန်းကျောင်းမည်

ထိုင်းသကြား ပြည်ပတင်ပို့မှု ထိန်းကျောင်းမည်

 

ကမ္ဘာ့သကြား ထုတ်လုပ်မှု အများဆုံး နှင့် ကမ္ဘာ့သကြားတင်ပို့မှု ဒုတိယအများဆုံး အိန္ဒိယနိုင်ငံက ၆ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သကြားပြည်ပတင်ပို့မှုကို တန်ချိန် ၁၀ သန်းထက် မပိုရလို့ ကန့်သတ်ပါတယ်။

 

ကမ္ဘာ့သကြားအများဆုံးတင်ပို့တဲ့ ဘရာဇီးနိုင်ငံက သကြားစက်ရုံတွေက သကြားထုတ်လုပ်ခြင်းအစား သကြားထက် တွက်ခြေပိုကိုက်တဲ့ အီသနော လောင်စာကို ထုတ်လုပ်နေကြတဲ့အတွက် ဘရာဇီးသကြား ပြည်ပတင်ပို့မှု ယခုနှစ်မှာ လျော့နည်းသွားနိုင်ပါတယ်။

ဘရာဇီးက အီသနော ကမ္ဘာ့ဒုတိယအများဆုံးထုတ်လုပ်တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ 

 

ကမ္ဘာ့သကြားဈေးကွက်ထဲ သကြားအဝင်နည်းတော့မှာမို့ သကြားဈေး မြင့်တက်လာပါတယ်။

ထိုင်းနိုင်ငံမှ ကြံနှင့်သကြား ဘုတ်အဖွဲ့ရုံး Office of the Cane and Sugar Board (OCSB) က ကမ္ဘာ့သကြားဈေးမြင့်မားခြင်းကြောင့် ထိုင်းသကြားပြည်ပတင်ပို့မှု များပြားသဖြင့် ပြည်တွင်းသကြား ဖူလုံမှု မထိခိုက်အောင် သကြားပြည်ပတင်ပို့မှုကို စောင့်ကြည့်ပြီး လိုအပ်လျှင် ထိန်းကျောင်းပေးမယ်လို့ OCSB အထွေထွေ အတွင်းရေးမှူး Ekapat Wangsuwan က ပြောကြားပါတယ်။

 

"ကမ္ဘာ့သကြားဈေးနှုန်းများက လက်ရှိမှာ တစ်ပေါင်ကို အမေရိကန်ဒေါ်လာ ၀.၁၉ ~၀.၂၀ မှာ ရောက်နေပါတယ်။ တက်ရိပ် ရှိနေပါတယ်လို့ Mr Ekapat က ပြောကြားပါတယ်။

 

"ယခုနှစ် ၂၀၂၁-၂၂ ကြံရာသီမှာ ကြံထွက် မြင့်မားပါတယ်။ တန်ချိန် ၉၂ သန်း ဝန်းကျင် ရှိပါတယ်။ ယခင်နှစ် ကြံရာသီမှာ တန်ချိန် ၆၆.၇ သန်း ထွက်ပါတယ်"လို့ ၎င်းက ပြောကြားပါတယ်။

"ထိုင်းမှာ စက်ရုံထွက် သကြားကြမ်း ဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၁၇.၂၅ ဘတ် ဖြစ်ပါတယ်။ သန့်စင်ပြီူသကြားက တစ်ကီလို ၁၈.၂၅ ဘတ် ဖြစ်ပါတယ်" လို့ Mr Ekapat က ပြောကြားပါတယ်။

Read times Last modified on Saturday, 28 May 2022 13:35
Rate this item
(0 votes)