Thiland



ထိုင်းပုစွန် ပြည်ပတင်ပို့မှု တိုးမည်ဟု ခန့်မှန်း

ထိုင်းပုစွန် ပြည်ပတင်ပို့မှု တိုးမည်ဟု ခန့်မှန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကမ္ဘာတစ်ဝှမ်း ပုစွန်ထုတ်လုပ်မှုသည် ယခုနှစ်တွင် တန်ချိန် ၅ ဒသမ ၀၇ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ ယမန်နှစ် ၂၀၂၂ ခုနှစ်ထက် ၁% လျော့နည်းမည် ဖြစ်သည်။ 

ကမ္ဘာ့ပုစွန်ထုတ်လုပ်မှုသည် လာမည့်နှစ်တွင် ၂% ကျဆင်းမည်ဟု ခန့်မှန်းထားသည်။ 

 

တရုတ်နှင့် အီကွေဒေါ နှစ်နိုင်ငံစလုံးသည် ပုစွန် ထုတ်လုပ်မှုနှုန်း တိုးမြှင့်နိုင်ကြသည်။

 

ဗီယက်နမ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှား စသည့် အာရှနိုင်ငံများသည်  ပုစွန်ထုတ်လုပ်မှု ကျဆင်းလာသည်ကို တွေ့ရသည်။

 

ထိုင်းနိုင်ငံ ပြည်တွင်းပုစွန်ထုတ်လုပ်မှု အနည်းငယ် တိုးလာပြီး ပြည်ပ ဝယ်လိုအား အထူးသဖြင့် အမေရိကန်တွင် အားကောင်းခြင်းကြောင့် ထိုင်းနိုင်ငံ၏ ပုစွန်တင်ပို့မှုသည် လာမည့်နှစ်တွင် ၁၀ ရာခိုင်နှုန်း တိုးလာမည်ဟု မျှော်လင့်ရသည်။

 

ထိုင်းပုစွန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Ekapoj Yodpinit က ယခုနှစ် ထိုင်းနိုင်ငံ၏ ပုစွန်ထုတ်လုပ်မှုမှာ တန်ချိန် ၂၈၀,၀၀၀ ရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင်ထုတ်လုပ်သည့် စံချိန်နှင့်ကိုက်ညီကြောင်း ပြောကြားသည်။ 

ထိုင်းနိုင်ငံသည် ယမန်နှစ်က ဘတ် ၅၀.၉ ဘီလီယံဖိုး ရှိသည့် တန်ချိန် ၁၄၄,၁၁၃ တင်ပို့ခဲ့သည်။

ယခုနှစ်တွင် အကြမ်းအားဖြင့် ဘတ် ၅၀ ဘီလီယံဖိုး ရှိသည့် တန်ချိန် ၁၂၀,၀၀၀ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။

သို့ဖြစ်ရာ ယခုနှစ်တွင် ယမန်နှစ်ကထက် တန်ဖိုးနှင့် ပမာဏ ၂ မျိုးစလုံး လျော့နည်းမည် ဖြစ်သည်။

 

ပုစွန် ပြည်ပတင်ပို့မှု ကျဆင်းရခြင်းမှာ ပုစွန်ဈေးနှုန်းများ နိမ့်ကျခြင်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်လာသဖြင့် ပုစွန်မွေးမြူသူ အချို့က ပုစွန်မွေးမြူခြင်း ရပ်ဆိုင်းထားခြင်းတို့ကြောင့် ဖြစ်သည်။

 ပုစွန်မွေးမြူသူတို့ ကြုံကြရသည့် ရာသီဥတု အခြေအနေများ မတည်ငြိမ်ခြင်း၊ ပုစွန်မွေးမြူရေးတွင် အဖြစ်များသော ရောဂါများ ကူးစက်ခြင်း အစရှိသည့် စိန်ခေါ်မှုများ ရှိနေသည်။

 

အန္တရာယ် အရှိဆုံးဖြစ်သည့် ရောဂါများ ကျရောက်ခြင်း ဆက်ရှိနေဆဲဖြစ်ပြီး ၎င်းရောဂါများကြောင့် ထိုင်းပုစွန်ထုတ်လုပ်မှုကို သိသာထင်ရှားစွာ လျော့ကျစေသည်ဟု မစ္စတာ Ekapoj က ပြောကြားသည်။

 

ယခုနှစ် ပထမ ၁၀ လတွင် ထိုင်းနိုင်ငံမှ ပုစွန် ၁၀၉,၆၆၃ တန် တင်ပို့ခဲ့သည်။ စုစုပေါင်း တန်ဖိုးမှာ ဘတ် ၃၆.၂ သန်း ဖြစ်သည်။ 

 

ယခုနှစ် ထိုင်းပုစွန်ထုတ်လုပ်မှုတွင် အထက်တောင်ပိုင်းဒေသ ၃၃% ၊ အောက်တောင်ပိုင်းဒေသ ကပ္ပလီပင်လယ် ကမ်းရိုးတန်း ၂၀%၊ အရှေ့ပိုင်းဒေသ ၂၅% အသီးသီး ပါဝင်မည် ဖြစ်သည်။

ထို့ပြင် အောက်တောင်ပိုင်းဒေသ ထိုင်းပင်လယ်ကွေ့ ၁၀%၊ အလယ်ပိုင်းဒေသ ၁ဝ% အသီးသီး ပါဝင်မည် ဖြစ်သည်။

 

ထိုင်းနိုင်ငံ၏ ပုစွန်ထုတ်လုပ်မှုသည် လာမည့်နှစ်တွင် တန်ချိန် ၂၉၀,၀၀၀ ရှိမည်ဟု ခန့်မှန်းထားသည်။

 

ပုစွန်ထုတ်လုပ်သော အဓိကနိုင်ငံလေးနိုင်ငံဖြစ်သည့် အီကွေဒေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့သည်  အကောက်ခွန်နှင့် ပတ်သက်၍ အမေရိကန်၏ စုံစမ်းစစ်ဆေးမှုများ ရင်ဆိုင်နေရသဖြင့်  လာမည့်နှစ်တွင် အမေရိကန်သို့ ထိုင်းပုစွန်တင်ပို့မှု တိုးမြင့်လာရန် အခွင့်အလမ်း ရှိနေသည်ဟု Ekapoj က ပြောကြားသည်။

အဆိုပါ ၄ နိုင်ငံသည် အမေရိကန်သို့ တင်ပို့ခွင့် မရသည့် ပုစွန်များကို တရုတ်နှင့် ဂျပန်သို့ တင်ပို့ကြမည် ဖြစ်သည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 30 November 2023 17:06
Rate this item
(0 votes)