Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်ဈေးထိန်းရန် ထိုင်းနှင့် သဘောတူညီထားခြင်းမရှိဟု ဗီယက်နမ် ပြောကြား

ဆန်ဈေးထိန်းရန်  ထိုင်းနှင့် သဘောတူညီထားခြင်းမရှိဟု ဗီယက်နမ် ပြောကြား

 

ဗီယက်နမ်သည် ထိုင်းနှင့် ပူးပေါင်း၍ ဆန်ဈေးတက်ရန် သဘောတူညီချက်မရှိဟု ပြောကြားသည်။

 

ဗီယက်နမ်နိုင်ငံမှ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ဌာနများသည် အထွေထွေ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကိုသာ လုပ်ဆောင်ခဲ့ကြောင်း စိုက်ပျိုးရေး ဝန်ကြီး Le Minh Hoan က ဟနွိုင်းတွင် ပြုလုပ်သော အစိုးရ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးမြှင့်တင်ရေးတွင် နှစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားကြောင်း ထိုင်းစိုက်ပျိုးရေး အရာရှိတစ်ဦးက ပြောကြားပြီး တစ်လမပြည့်မီတွင် ၎င်း၏ မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ဗီယက်နမ် အစိုးရဘက်မှ ယင်းကိစ္စနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် တုံ့ပြန် ပြောကြားခြင်း ဖြစ်သည်။

 

မေလတွင် နှစ်နိုင်ငံ ဆွေးနွေးပွဲများ စတင်ခဲ့ပြီး ထိုင်းနိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းများ မြှင့်တင်ရခြင်း၏ ရည်ရွယ်ချက်မှာ လယ်သမားများ၏ ဝင်ငွေကို မြှင့်တင်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနှင့် ဗီယက်နမ်တို့သည် ကမ္ဘာ့ဆန်ကြမ်းထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်လျက်ရှိသည်။  ကမ္ဘာ့ဆန်အမျိုးမျိုး တင်ပို့မှုတွင် ၂၆% ခန့်ကို တင်ပို့လျက် ရှိသည်။ 

ထိုင်းပို့ကုန်လုပ်ငန်းရှင်များက စျေးနှုန်းထိန်းခြင်းသည် မဖြစ်နိုင်ဟု ဆိုကြသည်။ ထိုင်းနှင့်ဗီယက်နမ်တို့ ပြိုင်ဆိုင်နိုင်စွမ်းများ ဆုံးရှုံးလိမ့်မည်ဟု ပြောကြားကြသည်။

 ဗီယက်နမ် စားသောက်ကုန် အသင်း Vietnam Food Association က ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ယမန်နှစ်တွင် တန်ချိန် ၆ ဒသမ ၂၄ သန်းရှိရာမှ ယခုနှစ်တွင် တန်ချိန် ၆ ဒသမ ၃ သန်းမှ ၆ ဒသမ ၅ သန်းအထိ တိုးလာမည်ဟု မျှော်လင့်ထားကြောင်း  ပြောကြားသည်။

Source  REUTERS

#MyanmarFoodIndustryGuide

To join Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)