Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ကြက်ခြေထောက်ပေါင်းချဉ်ငံစပ်ချက်နည်း

မိုးလေးအေးအေးနဲ့ ချဉ်ငံစပ် ပူပူလေးသောက်ချင်သူများတွက် ခံတွင်းမြိန်သွားစေရန်

ကြက်ခြေထောက်ပေါင်း ချဉ်ငံစပ်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်ခြေထောက်၊ ချင်း၊ တရုတ်မဆလာ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ သံပရာသီး၊ နံနံပင်၊ သကြား၊ ဆား၊ ကြက်သားမှုန့်၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အကြည်၊ ငါးငံပြာရည်တို့ လိုအပ်ပါမယ်။




ကြက်ခြေထောက်တွေကိုသန့်စင်ပြီး၂ပိုင်းခုတ်ကာဆား၊ ကြက်သားမှုန့်နှင့် ချင်းကို ဓားပြားရိုက်ထည့်ပြီးအရသာနယ်ထားပါ။ ပြီးလျင် တရုတ်မဆလာထည့်ပါ။



ပြီးနောက် အဖုံးလုံသော အိုးသေးတစ်အိုးအတွင်းမှာထည့်ပြီးရေမြုပ်သည်လေးထည့်ကာ အငွေ့ခံပေါင်းအိုးမှာနူးအိသည်အထိပေါင်းပါ။

 


ကြက်ခြေထောက်ပေါင်းနေစဉ်အတွင်း သကြားနှင့် ဟင်းခတ်မှုန့်ကို ပျော်ရုံလေးဖျော်လိုက်ပါ။



ပြီးလျင် ကြက်သွန်ဖြူ နုပ်နုပ်စဉ်း၊ ငရုတ်သီးစိမ်းပါးပါးလှီးထည့်ကာ ငါးငံပြာရည်၊ ပဲငံပြာရည်နှင့် သံပရာရည်လေးညှစ်ကာ ချဉ်ငံစပ်အရည်လေးဖျော်ပေးပါ။ ပြီးနောက် နံနံပင်ကို ရေဆေးပြီး လှီးထည့်ပါ။



ကြက်ခြေထောက်ပေါင်းတွေ နူးအိလာလျှင် ချဉ်ငံစပ်အရည်ကို လောင်းချလိုက်ပါ။



ကြက်ခြေထောက်ပြုတ်ရည်လက်ကျန်ရည်လေးနှင့် ချဉ်ငံစပ်ရည်ပေါင်းစပ်ထားတာကြောင့် အလွန်အရသာရှိပြီး မြိန်ယှက်စေမှာဖြစ်ပါတယ်။


Read times Last modified on Tuesday, 18 September 2018 13:28
Rate this item
(1 Vote)