Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် စားလို့အရမ်းကောင်းတဲ့ ကန်စွန်းရွက်ကြော်

အိမ်တွင် ထိုင်းစတိုင်လ် ကန်စွန်းရွက်ကြော်ကို ဆိုင်မှာစားရတဲ့ အရသာနည်းတူ စိမ်းစိမ်းလေးဖြစ်အောင် ကြော်ဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

 ပါဝင်ပစ္စည်းတွေကတော့ ကန်စွန်းရွက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းအနီ၊ ပဲပုတ်စေ့၊ ပဲငံပြာရည်၊ ခရုဆီ၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ကန်စွန်းရွက်တွေကို မိမိနှစ်သက်သလို လှီးဖြတ်ပြီး ရေဆေးထားပါ။ ပြီးလျှင် ရေတွေပြောင်စက်နေအောင် စစ်ထားပါ။

 

ပြီးနောက် အရိုးပွ ကန်စွန်းရွက်ကို သုံးတယ်ဆိုရင်တော့ အရိုးတွေကို အနည်းငယ် ဓားပြားရိုက်ပေးပါ။

 

ပြီးလျှင် ဇလုံတစ်ခုအတွင်းမှာ ကန်စွန်းရွက်၊ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးနှင့် ပဲပုတ်စေ့တွေ ထည့်ပါ။

 

ပြီးနောက် ခရုဆီ၊ ပဲငံပြာရည်နှင့် ကြက်သားမှုန့်၊ သကြားအားလုံးကို ထည့်ပါ။ ငရုတ်ကောင်းမှုန့်ဖြူးပါ။

 

အရင်ဆုံး ဒယ်အိုးကို ဆီအနည်းငယ်ဖြင့် အပူပေးပါ။ မီးပြင်းပြင်းလေးနဲ့ကြော်ပေးပါ။

 

Read More >>>>  ဒူးရင်းမလိုင်လေး အိမ်တွင် လုပ်စားရအောင်

 

ဆီခိုးတွေ ထွက်လောက်အောင် ပူနေပြီဆိုမှ ကန်စွန်းရွက်တွေ ထည့်ကြော်ပါ။

 

ဒယ်အိုးရဲ့ ပူလောင်နေတဲ့ အပိုင်းအားလုံးနှင့် ကန်စွန်းရွက်တွေ ထိတွေ့စေရန် ဒယ်အိုးကို လှုပ်ရမ်းပြီးကြော်ပေးပါ။

 

ပြီးရင်တော့ ထမင်းပူပူလေးနဲ့ စားလို့အရမ်းကောင်းတဲ့ ကန်စွန်းရွက်ကြော်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Friday, 03 May 2019 14:57
Rate this item
(1 Vote)