Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ယောက်သွား ပဲကြာဆန်ပေါင်း

ပင်လယ်စာကြိုက်နှစ်သက်သူများအတွက် ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း

လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ထိုင်းစတိုင်လ် ယောက်သွားပဲကြာဆန်ပေါင်း ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ယောက်သွား၊ ပဲကြာဆန်၊ ကြက်သွန်ဖြူ၊ ဟင်းခတ်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ယောက်သွားကို ထက်ခြမ်းခွဲလိုက်ပါ။ ပြီးလျှင် ပဲကြာဆန်ကိုရေနှင့်စိမ်ထားပါ။ ကြက်သွန်ဖြူကို
နုပ်နုပ်စဉ်းထားပါ။

စဉ်းပြီးသားကြက်သွန်ဖြူကို ဒယ်အိုးထဲထည့်ပြီး ဆီပူလာသည်အထိ မီးဖိုပေါ်တင်လိုက်ပါ။


ဆီဆူပြီဆိုလျှင် မီးပိတ်ပါ။ ကြက်သွန်ဖြူစဉ်းပြီး အရသာထည့်ထားတဲ့အထဲကို ဆီပူနည်းနည်းခြင်း လောင်းထည့်၍ မွှေပေးပါ။


ပထမ ယောက်သွားများကို ပန်းကန်တွင် စီထည့်ပါ။ ယောက်သွားများပေါ်ကို ကြက်သွန်ဖြူဆော့ထည့်ပါ။

 

ဆော့ထည့်ပြီးပြီဆိုလျှင် ပဲကြာဆံကို အပေါ်ကနေ ဖြန့်ပြီးထည့်လိုက်ပါ။


အားလုံးပြင်ဆင်ပြီးပြီဆိုလျှင် ပေါင်းအိုးထဲမှာ မိနစ်အနည်းငယ်ကြာအောင် ပေါင်းပေးပါ။ ပြီးရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ယောက်သွား ပဲကြာဆန်ပေါင်းကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

WWH

 

MMRD မှ Myanmar Food Industry Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်းထွက်ရှိ လာပါပြီနော်..

 

35642916 478136529310442 1134525966404550656 n

Read times Last modified on Tuesday, 18 September 2018 13:11
Rate this item
(4 votes)