Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယိုးဒယားစတိုင် ကြက်ကင်သုပ်

ပိတ်ရက်မှာ မိသားစု ဆုံတုန်းလေးဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့တွေ့လို့ပဲဖြစ်ဖြစ် အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ယိုးဒယားစတိုင် ကြက်ကင်သုပ် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကြက်သား၊ ပဲငံပြာရည်၊ ခရုဆီ၊ ဆန်မှုန့်အကျက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ဗီနီကာ၊ သံပရာသီး၊ သကြား၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ရှမ်းနံနံ၊ နံနံပင်၊ ပူစီနံ၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ကြက်သားကင်ဖို့အတွက် ကြက်ကို အရိုးထုတ်၍ ထူသောနေရာတွေကို ဓားဖြင့် မွှန်းထားပါ။

 

ပြီးလျှင် ပဲငံပြာရည်နှင့် ခရုဆီကို ထည့်ပြီး သမအောင်နယ်၍ အရသာဝင်အောင် နာရီဝက်ခန့်နှပ်ထားပါ။

 

ပြီးနောက် ဒယ်အိုးထဲ ဆီအိုးကပ်အနည်းငယ်ထည့်၍ ကြက်သားကို ကင်ပေးပါ။

 

ကြက်သားအနံ့မွှေးလာပြီဆိုရင်တော့ ဒယ်အိုးထဲမှထုတ်၍ အအေးခံထားပေးပါ။

 

ပြီးနောက် ကြက်သားများကို အတုံးကလေးများဖြစ်အောင် ပြုလုပ်ထားပါ။

 

ဆော့စ်ပြုလုပ်ဖို့အတွက် ပန်းကန်လုံးတစ်ခုထဲသို့ ပဲငံပြာရည်၊ ဗီနီကာ၊ သကြားနှင့် ဆန်အကျက်မှုန့်ထည့်၍ သမအောင်မွှေပေးထားပါ။

 

ပြီးနောက် ငရုတ်သီးအကျက်မှုန့်ထည့်ပြီး သံပရာရည်အနည်းထည့်၍ သမအောင် ရောမွှေပေးထားပါ။

 

ကြက်သားကင်သုပ်ဖို့အတွက် ကြက်သွန်နီကို အခွံနွှာပြီး ပါးပါးလှီးထားပါ။

 

ပြီးနောက် ပူစီနံအရွက်ခြွေ၍ ရှမ်းနံနံ၊ နံနံပင်၊ သခွားသီး၊ ခရမ်းချဉ်သီးတို့ကို ရေဆေးပြီး လှီးဖြတ်ပေးထားပါ။

 

ပြီးလျှင် ပန်းကန်တစ်ချပ်ထဲသို့ အတုံးကလေးများဖြစ်အောင် ထွင်ထားသော ကြက်သားနဲ့ ရှမ်းနံနံ၊ နံနံပင်၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ပူစီနာရွက်တို့ကို ထည့်လိုက်ပါ။

 

Read More >>>>>  မူဆယ်ကုန်သွယ်ရေးဇုန်တွင် တင်ပို့တဲ့ ကုန်တင် ကုန်ချ ဝန်ဆောင်ခများမြင့်တက်လာ


ပြီနောက် ချဉ်ငံစပ်ပဲငံပြာရည်ဆော့စ်ဆမ်းပြီး သမအောင်ရောမွှေပေးပါ။

 

ပြီးရင်တော့ အရသာအလွန်ရှိတဲ့ ယိုးဒယားစတိုင် ချဉ်ငံစပ် ကြက်ကင်သုပ်လေးတွေကို အရသာရှိစွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Friday, 12 July 2019 17:00
Rate this item
(0 votes)