Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် တုန်ယမ်း ထမင်းကြော်

စားလို့ကောင်းပြီး စားရတာ ခံတွင်းတွေ့စေမယ့် ထိုင်းစတိုင် တုန်ယမ်းထမင်းကြော်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ထမင်း၊ ကြက်သား၊ စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအနီ၊ ရှောက်ရွက်၊ ဆား၊ ငရုတ်သီးအနှစ်၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ သကြား၊ ခရမ်းချဉ်သီး၊ ကြက်သားမှုန့်၊ ဆီ၊ သံပရာသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ကြက်သားများကို ရေဆေးသန့်စင်ပြီး အတုံးသေးလေးများလှီးပေးထားပါ။

 

ပြီးလျှင် ပုစွန်များကို အခွံခွှာပြီး ကျောခွဲသန့်စင်ထားပါ။

 

ပြီးနောက် စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ရှောက်ရွက်၊ ငရုတ်သီးအနီတောင့် တို့ကိုရောပြီးထောင်းထားပါ။ ခရမ်းချဉ်သီး နှင့် ကြက်သွန်နီကို အတုံးသေးလေးများလှီးထားပါ။ ထမင်းကို ပန်းကန်လုံးထဲ အဆင်သင့်ထည့်ထားပါ။

 

ပြီးလျှင် မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီပူအောင်ထားပါ။ ဆီပူလာရင် ထောင်းထားတာပါထည့်ပြီး ဆီသပ်ပါ။

 Read More >>>>>  ရှူးရှဲအရသာ ချဉ်ငံစပ် ယိုးဒယားကျွဲကောသီး ဂဏန်းသုပ်

ပြီးနောက် အနည်းငယ်မွှေးလာရင် ကြက်သားနှင့် ပုစွန်ထည့်ပြီး ၅မိနစ်ခန့်ထားပါ။

 

ပြီးလျှင် အရသာအတွက် ဆား၊ သကြား၊ အသားမှုန့်၊ ပဲငံပြာရည်၊ ငါးငံပြာရည်တို့ကိုထည့်ပြီး နှစ်မိနစ်ခန့်ထားပါ။ နှစ်မိနစ်အကြာမှာ ကြက်သားနှင့် ပုစွန်များ  ကျက်လာရင် ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကိုထည့်ပြီး အနည်းငယ်နွမ်းလာအောင် ထားပေးပါ။

 

ပြီးနောက် အသားများနဲ့ အသီးနှံများကျက်လာရင် ထမင်းထည့်လိုက်ပါ။ ထမင်းထည့်ပြီး အားလုံးနှံ့အောင် မွှေပေးပါ။ ပြီးနောက် သုံး မိနစ်ခန့်ထားပြီး မီးပတ်လိုက်ပါ။

 

ပြီးရင်တော့ ကိုယ်စားမယ့် ပန်းကန်ထဲသို့ ထည့်ပြီး အပေါ်ကနေ သံပရာသီးလေးညှစ်ပြီးရင်တော့ အရသာရှိပြီး စားလို့အရမ်းကောင်းတဲ့ တုန်ယမ်းထမင်းကြော်ကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 18 March 2019 17:45
Rate this item
(0 votes)