Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ဘဲပေါင်း

ဘဲပေါင်းကို ဆိုင်တွင် သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ ထိုင်းစတိုင်ဘဲပေါင်း ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ဘဲသား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ နာနတ်ပွင့်၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ၊ သကြား၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

 

ဘဲသားကို မိမိနှစ်သက်တဲ့အရွယ် တုံးပြီး ရေဖြင့် သန့်စင်ဆေးကြောထားပါ။

 

ပြီးလျှင် သန့်စင်ရေစစ်ထားတဲ့ ဘဲသားများကို ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အပျစ်တို့နဲ့ နယ်ပြီးနောက် မိနစ် အနည်းငယ် နှပ်ထားလိုက်ပါ။

 

ပြီးနောက် ကြက်သွန်နီကို ထူထူလှီးပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ချင်းကိုတော့ ညက်အောင် ကြိတ်ထားပါ။


ပြီးရင်တော့ ဟင်းချက်မည့်အိုးထဲသို့ ဆီထည့်လိုက်ပါ၊ ဆီပူလာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းကို ဆီသတ်ပါ။

 

အားလုံးကျက်ပြီဆိုရင်တော့ ဘဲသား၊ နာနတ်ပွင့်၊ ပဲငံပြာရည်အကျဲ၊ သကြားတို့ထည့်ပြီး ဘဲသားအရောင် ပြောင်းတဲ့အထိ လုံးချက် ချက်ထားပါ။

 

ပြီးနောက် အနံ့လည်းမွှေးပြီး ဘဲသားအရောင်လည်း ပြောင်းပြီဆိုလျှင် အသားနူးဖို့ ရေနွေးထည့်ပြီး မီးအေးအေးနဲ့ အဖုံးအုပ်ကာချက်ထားပါ။

 

ဟင်းချက်တဲ့ ပေါင်းအိုးကို အသုံးပြုပြီး ချက်ရင်တော့ မိနစ် အနည်းငယ်ခန့်လောက်နေရင် ဘဲသားလည်း နူးပြီမို့ အရသာကို မိမိစိတ်ကြိုက် ပြုပြင်ပေးပါ။ ဟင်းအရည်ကိုတော့ လိုသလောက်ကျန်အောင်ချက်ပါ။

 

နောက်ဆုံးတွင် အရသာရှိပြီး ထမင်းမြိန်စေမည့် ထိုင်းစတိုင်လ်ဘဲပေါင်းကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

WWH

Read times Last modified on Tuesday, 18 September 2018 13:08
Rate this item
(11 votes)