Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ကင်းမွန်ချဉ်ငံစပ်သုပ်

ထမင်းစားလို့မြိန်ပြီး သူငယ်ချင်းမိတ်ဆွေများနှင့်တွေ့ဆုံတဲ့အခါ အိမ်တွင်လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကင်းမွန်ချဉ်ငံစပ် သုပ်နည်းလေးကို

ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ ကင်းမွန်၊ သံပရာသီး၊ ရှောက်ရွက်၊ ထန်းလျက်၊ ပုစွန်ခြောက်၊ ငရုတ်သီးအနီတောင့်၊ ငံပြာရည်၊ နံနံပင်တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ကင်းမွန်ကို ရေဆေးသန့်စင်ထားပါ။


ပြီးလျှင် သံပရာသီးတစ်လုံးအရည်ညှစ်ပြီး နယ်ပေးပါ။


ပြီးနောက် ပြန်ရေဆေးချထားပါ။


ပြီးရင်တော့ ပွက်ပွက်ဆူနေတဲ့ ရေထဲကို ရှောက်ရွက်ထည့်၊ ကင်းမွန်ထည့်ပြီး အသားကျက်ရုံပြုတ်၍ ရေစစ်ထားပေးပါ။


ပြီးနောက် ထန်းလျက်၊ ပုစွန်ခြောက်၊ ငရုတ်သီးအနီတောင့်တို့ကို ထောင်းထားပေးပါ။

 

Read More >>>>> ရန်ကုန်တိုင်း ဒေသကြီး၏ ပထမဆုံး အထွက်တိုး မြေပဲမျိုးများကို မြန်မာနိုင်ငံအလယ်ပိုင်းသို့ တင်ပို့မည်


ပြီးရင်တော့ ထောင်းထားတဲ့ အမယ်များကို ပန်းကန်ထဲထည့်ပါ။ ပြီးလျှင် ငံပြာရည် သံပရာရည်လေးညှစ်ထားပေးပါ။


နောက်ဆုံးမှာမှ ရေစစ်ထားတဲ့ ကင်းမွန်ထည့်ပါ။ ပြီးလျှင် နံနံပင်ထည့်ပြီး  သမအောင်မွှေပါ။


ပြီးရင်တော့ ထိုင်းစတိုင် ကင်းမွန်ချဉ်ငံစပ်သုပ်လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 26 March 2019 11:06
Rate this item
(1 Vote)