Thiland



ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဆန်မျိုးကွဲ ၃၀ ရောင်းချမည်

ထိုင်းနိုင်ငံသည် ၂၀၂၄  ခုနှစ်တွင် ဆန်မျိုးကွဲ ၃၀ ရောင်းချမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံသည် ပို့ကုန်ဆန်များအတွက် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် လုပ်ဆောင်နေပြီး စျေးကွက်မှ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စပါးမျိုးသစ်များ စိုက်ပျိုးထုတ်လုပ်နိုင်စေဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

.

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Jurin Laksanawisit က ထိုင်းနိုင်ငံ၏ အားနည်းချက်တစ်ခုမှာ ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်အမျိုးအမည် အမျိုးမျိုးဖြင့် ရောင်းချနိုင်ဖို့ လိုအပ်နေခြင်း ဖြစ်သည်ဟု ပြောကြားသည်။ ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် ဆန်မျိုးကွဲအသစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောကြားသည်။

.

ဝန်ကြီးဌာနသည် ပို့ကုန်ဆန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ၂၀၂၀ မှ ၂၀၂၄ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအရ ၂၀၂၄ ခုနှစ်တွင် စီးပွားဖြစ်ဆန်သစ် ၁၂ မျိုး ဖွံ့ဖြိုးထုတ်လုပ်ရန် အစောပိုင်းက ရည်မှန်းထားသည်။

မျိုးကွဲ ၁၂ မျိုးတွင် ၄ မျိုးမှာ ဆန်သားမာသည်။ နောက်ထပ် ၄ မျိုးသည် ဆန်သားပျော့သည်။ ဆန်မွှေုး ၂ မျိုးနှင့် အဟာရပါဝင်မှု မြင့်မားသည့်ဆန် ၂ မျိုးတို့ ပါဝင်သည်။

ကမ္ဘာ့ဆန်စားသုံးသူများအကြား လူကြိုက်များမည့် ဆန်အမျိုးအစားများ ဖြစ်သည်။ 

၅ နှစ်စီမံကိန်းအရ ယခုအခါ ဆန် အမျိုးအစားအသစ် ၂၁ မျိုး ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ 

.

Mr Jurin ၏ အဆိုအရ ထိုင်းနိုင်ငံသည် ယမန်နှစ်တွင် ဆန်တန်ချိန် ၇ ဒသမ ၇ သန်း တင်ပို့ခဲ့သည်။  ယခုနှစ်တွင် တင်ပို့မှုပမာဏမှာ တန်ချိန် ၈ သန်းကျော်ရှိမည်ဟု မျှော်မှန်းထားသည်။ဆန်စပါးမျိုးကွဲများ တိုးမြင့်လာခြင်းက ပို့ကုန်စွမ်းဆောင်ရည် တိုးတက်လာအောင် ကျေးဇူးပြုပေးမည် ဖြစ်သည်။ 

ယမန်နှစ်က ထိုင်းနိုင်ငံသည် ဗီယက်နမ်ကို ကျော်တက်ပြီး ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သည့် နိုင်ငံ ဖြစ်လာခဲ့သည်။ ယခုနှစ်တွင် ဗီယက်နမ်က ဆန်တင်ပို့မှု လျှော့ချသွားမည့် မူဝါဒကို အကောင်အထည် ဖော်လျက်ရှိရာ ထိုင်းနိုင်ငံသည် ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သည့် နိုင်ငံအဖြစ်ကို ထပ်မံရရှိနိုင်သည်။

 .

ယခုနှစ် ပထမခြောက်လအတွင်း ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၄ သန်း တင်ပို့ခဲ့သည်။ ဒုတိယနှစ်ဝက်တွင်လည်း ဆန်တန်ချိန် ၄ သန်း တင်ပို့နိုင်မည်ဟု မျှော်မှန်းထားသည်။

Source bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Monday, 26 June 2023 10:31
Rate this item
(0 votes)