Thiland



ဆန်ဈေးတက်သည့်အပေါ် ထိုင်းဆန်တင်ပို့သူများ အကျိုးအမြတ်များ ရရှိရန် မျှော်မှန်း

ဆန်ဈေးတက်သည့်အပေါ်  ထိုင်းဆန်တင်ပို့သူများ အကျိုးအမြတ်များ ရရှိရန် မျှော်မှန်း

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

ဘာစမာတီမှလွဲ၍ အိန္ဒိယဆန်ဖြူ တင်ပို့မှု ပိတ်ပင်ထားခြင်းကြောင့် ဆန်ဈေးတက်သည့်အပေါ်  ထိုင်းဆန်တင်ပို့သူများ အကျိုးအမြတ်များ ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ အနည်းဆုံး လာမည့်နှစ်အစောပိုင်းအထိ ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။

 

ထိုင်းဆန်စက်အသင်း Thai Rice Mill Association ဥက္ကဋ္ဌ Rangsan Sabaimuang က အသင်းဝင်များသည် လာမည့် တစ်လ နှစ်လအကြာတွင် စပါးရိတ်သိမ်းချိန် မတိုင်မီအထိ ထုတ်လုပ်မှုနှင့် စျေးကွက် အခြေအနေ တည်ငြိမ်နေမည်ဟု နှစ်ပတ်လည် အစည်းအဝေးတွင် ကောက်ချက်ချခဲ့ကြောင်း ပြောကြားသည်။ 

 

 မိုးခေါင်မှုနှင့် အယ်လ်နီညို ဖြစ်စဉ်ကြောင့် အလယ်ပိုင်းဒေသတွင် စံပယ်စပါး ထုတ်လုပ်မှု အနည်းငယ် ကျဆင်းသွားဖွယ်ရှိသည်။ 

စံပယ်စပါးနှင့် ကောက်ညှင်းတို့ကို အဓိကစိုက်ပျိုးသည့် အရှေ့မြောက်ဒေသတွင် မိုးရွာသွန်းမှု ကောင်းမွန်ကြောင်း၊ စပါးထုတ်လုပ်မှု ပုံမှန်ဖြစ်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

 

အချို့သော ငွေကြေးအဖွဲ့အစည်းများသည် ဆန်စက်များအတွက် ချေးငွေကို ကန့်သတ်ထားသော်လည်း ထိုင်းဆန်စက်အသင်းမှ အဖွဲ့ဝင်များက လာမည့် စပါးရိတ်သိမ်းရာသီတွင် လယ်သမားများထံမှ စပါးဝယ်ယူရန် ငွေကြေး အဆင်သင့်ရှိကြောင်း အတည်ပြု ပြောကြားကြသည်။

 

 Source nationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Wednesday, 18 October 2023 07:27
Rate this item
(0 votes)