Thiland



ကျွန်းစုမြို့နယ်မှ ထွက်ရှိသောဂျင်းများ ထိုင်းနိုင်ငံက စျေးကောင်းပေးဝယ်ယူ

ကျွန်းစုမြို့နယ်မှ ထွက်ရှိသောဂျင်းများ ထိုင်းနိုင်ငံက စျေးကောင်းပေးဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင်းမှ ထွက်ရှိသော ပင်လယ်ထွက်ကုန်တစ်မျိုးဖြစ်သည့် ဂျင်း (ပင်လယ်ခရုအနွယ်ဝင်) များကို ထိုင်းငံနိုင်ငံမှ စျေးကောင်းပေးဝယ်ယူသူများပြားလာသည့်အတွက် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ရာ စီးပွားဖြစ်မွေးမြူသူများ ယခုနှစ်တွင် သုံးဆခန့်ပိုမိုများလာကြောင်း ရေကန်တောင်ကျေးရွာအုပ်စုအတွင်းရှိ ဂျင်းမွေးမြူရောင်း သူများထံမှ သိရသည်။

 

“ယခင်က တစ်ကီလိုကို ငွေကျပ် ၄၈၀၀ ရရှိပြီး ယခုနှစ်မှာတော့ ငွေကျပ် ၆၅၀၀ အထိစျေးကောင်းလာပါတယ်။ ထိုင်နိုင်ငံက အဓိကဝယ်ယူနေတဲ့အတွက် ထိုင်းနိုင်ငံကိုပဲ တင်ပို့ပေးနေတာများပါတယ်။

မောတောင်ကုန်သွယ်မှုနဲ့ ကော့သောင်း-ရနောင်းကုန်သွယ်မှုလမ်းကြောင်းတွေက တစ်ဆင့် တင်ပို့ပေးနေရတယ်။ နိုင်ငံတော်အစိုးရက လုပ်ငန်းရှင်တစ်ဦးကို ဧက ၃၀ အထိ လိုင်စင်ချထားပေးတယ်။

မွေးမြူခွင့်လည်းပေးနေပါတယ်။ ပင်လယ်ကမ်းခြေနဲ့ ဒီရေတောကမ်းခြေတွေမှာ အဓိက မွေးမြူအောင်မြင်နိုင်ပါတယ်။ နုန်းများတဲ့ ရွှံ့ကမ်းစပ်တွေမှာသာ အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။

ဂျင်းကောက်တဲ့ တောင်သူတွေကိုတော့ တစ်ကီလိုကို ငွေကျပ် ၁၀၀၀ အထိ လုပ်အားခရရှိတဲ့အတွက် တစ်နေ့ကို ငွေကျပ် ၂၀၀၀၀ အထိ ဝင်ငွေရရှိပါတယ်” ဟု ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာမှ ဂျင်းမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

 

ပင်လယ်ရေထွက်ကုန် ဂျင်းမွေးမြူခြင်းလုပ်ငန်းကို ကျွန်းစုမြို့နယ်အတွင်းပင်လယ်ကမ်းစပ် တစ်လျှောက်ရှိ ရေကန်တောင်၊ ရေအေး၊ ကလိန်ဘဲ၊ သဲချောင်း၊ စခန်းသစ်၊ ရေကန်အော်၊ ပန်းဇင်၊ မင်းချမ်းတောင်၊ ကတန်၊ ပရည်ကျွန်းနှင့် မအိုင်စသည့်ကျေးရွာများ၌ အဓိကမွေးမြူထွက်ရှိပြီး ပုလောမြို့နယ်တွင် လက္ကူး၊ ပိတပ်၊ ကင်းဖြူ၊ ကျောက္ကာအုပ်စုနှင့် ပလမြို့တို့ရှိ ကမ်းခြေတစ်လျှောက်နှင့် ဒီရေတောကမ်းစပ်များတွင် အဓိကမွေးမြူကြကြောင်း သိရသည်။

 

Source: The Mirror
Myanmar Food Industry Guide

Read times
Rate this item
(0 votes)