Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းမှ PT စက်သုံးဆီဆိုင်များတွင် တန်ဖိုးသင့် ထမင်းဟင်း ရောင်းမည်

ထိုင်းမှ PT စက်သုံးဆီဆိုင်များတွင် တန်ဖိုးသင့် ထမင်းဟင်း ရောင်းမည်

 

ထမင်းပေါ်မှာ ဟင်းကို ပုံပေးပြီး တစ်ခါပြင်တစ်ပွဲ ၂၅ ဘတ်ဖြင့် ရောင်းချပေးမယ့် စီမံကိန်းကို တနင်္လာနေ့ (ဇွန် ၂၇) မှာ စတင်မယ်လို့ ထိုင်းစားသောက်ဆိုင်အသင်း  Thai Restaurant Association (TRA) က တနင်္ဂနွေနေ့ (ဇွန် ၂၆) မှ ထုတ်ပြန်ကြေညာပါတယ်။ လူအများ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်နေတာကို တစ်ဖက်တလမ်းမှ ကူညီပေးတာလို့ ဆိုပါတယ်။

 

စီမံကိန်းကို ဘန်ကောက်မြို့နှင့် ဘန်ကောက်မြို့ အနီးတဝိုက်ရှိ PT ဓာတ်ဆီဆိုင်များမှာ စတင်တာထွက်မှာ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖော်တာလို့ TRA ဥက္ကဋ္ဌ Thaniwan Kulmongkol က ‌ပြောကြားပါတယ်။

 

စားသောက်ဆိုင်များ အနေဖြင့်လည်း ကုန်ဈေးနှုန်း တက်နေတာကို ရင်ဆိုင်နေရတဲ့အပြင် ချက်ပြုတ်ရေးမှာ  သုံးစွဲတဲ့ ဂက်စ်မီးဖိုများအတွက် liquid petroleum gas (LPG) ကလည်း ဈေးတက်ပါတယ်။

ထိုင်းအစိုးရအဖွဲ့က အင်္ဂါနေ့(ဇွန် ၂၁) မှာ LPG ဈေးနှုန်း အဆင့်ဆင့်မြင့်တက်ဖို့ အတည်ပြုခဲ့ပါတယ်။ ၁၅ ကီလိုဆလင်ဒါကို ၃၆၃ ဘတ်မှ ၄၀၈ ဘတ်သို့ တိုးမြှင့်သတ်မှတ်မှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အတွင်း ၃ကြိမ်တိုင်တိုင်ခွဲပြီး အဆင့်ဆင့် ဈေးကို ဆွဲတင်ပေးမှာ ဖြစ်ပါတယ်။

 

#MyanmarFoodGuide 

#MyanmarAutomobileGuide 

 Telegram Channel
https://t.me/Guid4U

 

Source:nationthailand.com

 

https://t.me/Guid4U/323

Read times
Rate this item
(0 votes)