Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ပဉ္စမအကြိမ်မြောက် နိုင်ငံတကာပြပွဲ Food & Hotel Myanmar 2018 အတွက် သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံ၏ အကြီးမားဆုံး အစားအစာနှင့် ဧည့်ခံကြိုဆိုရေးထုတ်ကုန်များဆိုင်ရာ နိုင်ငံတကာပြပွဲ

Food & Hotel Myanmar 2018 ကို ပဉ္စမအကြိမ်မြောက်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အတွေးအခေါ်သစ်များ၊ နည်းပညာများ၊ ထုတ်ကုန်များနှင့်အတူ ပြပွဲကို ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

p1

 

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးနေသော အစီအစဉ်များအနက်မှ အစားအစာနှင့် ဧည့်ခံကြိုဆိုရေးဆိုင်ရာ ကဏ္ဍများက ကမ္ဘာတလွှားမှ လုပ်ငန်းရှင် ၂၀၀ ကျော်၏ စိတ်ဝင်စားမှုများကို ရရှိထားကြောင်းလည်း သိရပါတယ်။

 

ယခုပြပွဲကိုလည်း ဧည့်သည်တော် ၇၅၀၀ ကျော် တက်ရောက်မည်ဟု UBM Myanmar မှ ခန့်မှန်းထားကြောင်း သိရပါတယ်။

 p2

ပဉ္စမအကြိမ်မြောက်အဖြစ်ကျင်းပသော Food & Hotel Myanmar 2018 တွင် နိုင်ငံပေါင်း ၂၀ တို့မှ ထိပ်တန်းထောက်ပံ့သူ ၂၀၀ ကျော်တို့က ၎င်းတို့၏ နောက်ဆုံးပေါ် ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို တင်ဆက်ပြသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ယင်းအပြင် ယခုနှစ်တွင် လာရောက်ကြည့်ရှုမည့် ဧည့်သည်တော် ၇၅၀၀ တို့က ကိုရီးယား၊ စင်္ကာပူ၊ တူရကီနှင့် အမေရိကတို့မှ နိုင်ငံတကာပြခန်းတွဲ (၄) ခန်းကို တွေ့ရှိရမည်ဖြစ်ကြောင်း သိရပါတယ်။

 

Myanmar Chefs Association (MCA) နှင့် UBM Myanmar တို့မှ ပူးတွဲစီစဉ်ပြီး မြန်မာနိုင်ငံ၏ အကောင်းဆုံး နိုင်ငံတကာ ဟင်းချက်ပြိုင်ပွဲဖြစ်ကာ World Association of Chefs Societies (WACS) နှင့် World Chefs Without Boarders (WCWB) တို့၏ ထောက်ပံ့မှုကို ရရှိထားကြောင်း သိရပါတယ်။

 

ပြိုင်ပွဲတွင် စားဖိုမှူးများနှင့် အစားအစာဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်သူများအတွက် ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ တိုးတက်စေမည့် နိုင်ငံတကာအဆင့် အတွေ့အကြုံသစ်များကို လေ့လာနိုင်မည့် အခွင့်အလမ်းကို ရရှိစေမှာဖြစ်ကြောင်း သိရပါတယ်။

 

Food & Hotel Myanmar 2018 ၏ ပြပွဲကျင်းပချိန်ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၆) ရက် ဗုဒဟူးနေ့မှ ဇွန်လ (၈) ရက် သောကြာနေ့အထိ ဖြစ်ပြီး ပြပွဲဖွင့်လှစ်ချိန်ကို မနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ မင်းဓမ္မလမ်း၊ MEP ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:06
Rate this item
(1 Vote)