Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


Unilever Food Solutions မှ Chefmanship Challenge ကျင်းပခြင်း

ကမ္ဘာ့ အဆင့်အတန်းမီ အစားအသောက်ဝန်ဆောင်မှုပေးနေသော Unilever Food Solutions မှ ခနော ငါးအသားမှုန့်ကို အသုံးပြုကာ ချက်ပြုတ်ရသော

Chefmanship Challenge ကို ဇန်နဝါရီ (၂၉) ရက်နေ့က Sule Shangri-La ဟိုတယ်တွင် ပြုလုပ်ခဲ့ပါတယ်။

 

ပွဲတွင် Feel Group မှ Founder and President ဦးစိုးညီညီနှင့် Unilever Food Solutions မှ အမှုဆောင် စားဖိုမှူးဦးစောယိုရှုတို့မှ အစားအသောက်ဆိုင်ရာ food safety tips များမျှဝေခြင်း၊ ဆန်းသစ်သောဟင်းပွဲများ သရုပ်ပြချက်ပြုတ်ခြင်းနှင့် ခနောငါးအသားမှုန့်ကို အသုံးပြုပြီး   ကိုယ်ပိုင်အသုပ်ဟင်းပွဲများဖန်တီးခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။

 

Chefmanship Challenge ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၂၀) ဦးက အသုပ်ဟင်းပွဲများကို Knorr Fish Powder (ခနောငါးအသားမှုန့်) နှင့်အတူ မိမိ စိတ်ကြိုက်တီထွင်ဖန်တီးမှုများဖြင့်ပြိုင်ပွဲဝင်ခဲ့ကြခြင်းဖြစ်ပါတယ်။

 

ပြိုင်ပွဲဝင်များထဲမှ အကောင်းဆုံး (၃) ဦးအား Judge များဖြစ်သည့် အစားအသောက်ကျွမ်းကျင်ပညာရှင်များ မှ အကဲဖြတ်အမှတ်ပေးရွေးချယ်၍ ဆုများပေးအပ်ခဲ့ကြပါတယ်။

 

ယင်း Chefmanship Challenge ပြိုင်ပွဲကိုမြန်မာနိုင်ငံရှိ နာမည်ကြီး စားသောက်ဆိုင်နှင့် ဟိုတယ်အသီးသီးတို့မှစားဖိုမှူးများက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Friday, 01 February 2019 13:33
Rate this item
(1 Vote)