Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


Ovaltine မှ တမူထူးခြားစွာ စိတ်လှုပ်ရှားဖွယ်အစီအစဉ်များကို ဒုတိယအကြိမ်မြောက် ပြုလုပ်သွားမည်

မြန်မာနိုင်ငံရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် နေ့စဉ် လိုအပ်သော အာဟာရအတွက် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးလျက်ရှိပြီး

အိမ်တိုင်းတွင် ရှိတတ်သော အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Ovaltine မှ ယခုနှစ် သီတင်းကျွတ်ပွဲတော်အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အိမ်ပြန်ခရီး အတွက် တမူထူးခြားစွာ စိတ်လှုပ်ရှားဖွယ်အစီအစဉ်များဖြင့် ဒုတိယအကြိမ်မြောက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

ယခုနှစ်တွင် “မိသားစုနဲ့အတူ ရှိနေခြင်းဟာ အနွေးထွေးဆုံး လက်ဆောင်ပါ” ဟူတဲ့ သီတင်းကျွတ် အငွေ့အသက်ကို ဖော်ကျုးထားသော အဓိပ္ပာယ်အတိုင်း အများပြည်သူအား မိသားစုရှိရာ နေရပ်သို့ ပြန်လည်သွားရောက်ပြီး သက်ကြီးဝါကြီးသူတို့အား ရိုသေဂါရဝပြုကြရန် တိုက်တွန်းနှိုးဆော် သွားမှာဖြစ်ပါတယ်။


 
ယင်း အစီအစဉ်ကို မိတ်ဆက်ပေးရန်အတွက် Ovaltine မှ မိသားစုနှင့် အတူရှိနေသည့် နွေးထွေးမှုကို ပေါ်လွင် စေရန် ဇတ်လမ်းတိုလေးတစ်ခုဖြင့် ရိုက်ကူးတင်ဆက်ထားပြီး အောက်တိုဘာလ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် ရန်ကုန်နှင့် မန္တလေး အဝေးပြေးကားဂိတ်များရှိ ထောင်ပေါင်းများစွာသော ခရီးသွားပြည်သူများ မိမိတို့ မိသားစုအတွက် အမှတ်တရ အိမ်ပြန်လက်ဆောင်များလည်း ပြင်ဆင်ထားမှာ ဖြစ်ပါတယ်။

 

၎င်းအပြင်  အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ အဝေးပြေးကားဂိတ်များသို့ သွားရောက်မည့် ခရီးသွားပြည်သူများအတွက် မေတ္တာလက်ဆောင် Grab ပရိုမိုကုဒ် “GoBackHome” ကို အသုံးပြုပြီး ကျပ် ၁,၀၀၀ လျော့ဈေးဖြင့် Grab တက္ကစီအား ငှားရမ်းအသုံးပြုနိုင်ရန် စီစဉ်ပေးထားပါတယ်။


 
“မိသားစုနဲ့ အတူရှိနေခြင်းဟာ အနွေးထွေးဆုံး လက်ဆောင်ပါ” ဇာတ်လမ်းတို
မြန်မာနိုင်ငံရှိ ပြည်သူများကို သီတင်းကျွတ်ပွဲတော် အချိန်အခါသမယတွင် မိမိမွေးရပ်မြေသို့ ပြန်ကြရန် အားပေး လှုံ့ဆော်သည့်အနေဖြင့် ရိုက်ကူးထားသော ဇတ်လမ်းတိုလေး တစ်ခုအား Ovaltine Facebook စာမျက်နှာ အပါအဝင် အွန်လိုင်းမီဒီယာအချို့တွင် မကြာသေးမီက ထုတ်လွှင့်ပြသခဲ့ပါတယ်။ ယင်းဇာတ်လမ်းတိုလေးအား ကြည့်ရှု့ သူပေါင်း တစ်သန်းကျော် ရှိနေပြီဖြစ်ပြီး လူအများ၏ တစ်ခဲနက် ထောက်ခံအားပေးမှုကို ရရှိထားပါတယ်။


 
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ အသုံးပြုနိုင်သော Ovaltine မှ ပေးအပ်သည့် “GoBackHome” Grab ပရိုမိုကုဒ်
Ovaltine က သီတင်းကျွတ်ပွဲတော်အထူး Grab ပရိုမိုကုဒ် ပေးအပ်ရန်အတွက် မြန်မာနိုင်ငံ၏ ထိပ်တန်း အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်သော Grab နှင့် ပူးပေါင်းစီစဉ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။   

 

အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ရန်ကုန်မြို့ရှိ အောင်မင်္ဂလာနှင့် ဒဂုံဧရာ အဝေးပြေးကားဂိတ်များ အပါအဝင် မန္တလေးမြို့ရှိ ကျွဲဆည်ကန်အဝေးပြေးကားဂိတ်သို့ လာရောက်၍ နေရပ် အသီးသီးသို့ လိုက်ပါစီးနင်းကြမယ့် ခရီးသွားပြည်သူများမှာ Grab ဖြင့် ငှားရမ်းမည်ဆိုပါက “GoBackHome” ပရိုမိုကုဒ်ကို အသုံးပြုပြီး ကျပ် ၁,၀၀၀ အထူးလျှော့ဈေး ရယူနိုင်ကြမှာ ဖြစ်ပါတယ်။

 

ရန်ကုန်နှင့် မန္တလေးမြို့ရှိ ကားဂိတ်များတွင် အထူးလက်ဆောင်ပေးခြင်း အစီအစဉ်
အောက်တိုဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အောင်မင်္ဂလာနှင့် ဒဂုံဧရာအဝေးပြေးကားဂိတ် အပါအဝင် မန္တလေးမြို့ရှိ ကျွဲဆည်ကန် အဝေးပြေးကားဂိတ်တို့တွင် Ovaltine မှ သီတင်းကျွတ်အထူးဆိုင်ခန်း  နေရာများထားရှိပေးမှာ ဖြစ်ပါတယ်။ အဆိုပါ ဆိုင်ခန်းနေရာများတွင်  ထောင်ပေါင်းများစွာသော လူအများအတွက် အိမ်ပြန်လက်ဆောင်အဖြစ် Ovaltine မှ အထူးလက်ဆောင်များ ပေးအပ်သွားမှာ ဖြစ်ပါတယ်။


 
ထို့အပြင် Ovaltine ဆိုင်ခန်းနေရာများတွင် မွေးရပ်မြေသို့ မပြန်မီ ပျော်ရွှင်စိတ်လှုပ်ရှားနေသည့် ပုံရိပ်များကို အခမဲ့ ချက်ချင်း ရိုက်ကူးရယူနိုင်မယ့် အစီအစဉ်များလည်း ထားရှိပေးမှာ ဖြစ်ပါတယ်။ အမှတ်တရပုံများကို မိမိ နှစ်သက်သလောက် မည်သူမဆို အခမဲ့ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။


 
တစ်ချိန်တည်းမှာပင် ဆိုင်ခန်းများတွင် Ovaltine ထုတ်ကုန်ပစ္စည်းများနှင့် သီတင်းကျွတ် အထူးထုတ် လက်ဆောင် များကို ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူအားပေးသူများကို 4x6 လက်မရှိသည့် ဓာတ်ပုံဘောင်များ  မေတ္တာလက်ဆောင် ပြန်လည် ပေးအပ်သွားမှာ ဖြစ်ပါတယ်။
 


သီတင်းကျွတ်ပွဲတော် အထူးထုတ် Gift Pack
မြန်မာလူမျိုးများ၏ သီတင်းကျွတ်ပွဲတော် ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် Ovaltine မှ သီတင်းကျွတ်အထူးထုတ် gift pack အသစ်ကို မြန်မာနိုင်ငံအနှံ့အပြားရှိ စူပါမားကတ်များ၊ ဈေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ၀ယ်ယူရရှိနိုင်ရန် စီစဉ်ပေးထားပါတယ်။

Read times
Rate this item
(2 votes)