Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


Sedona Hotel Yangon တွင် ပထမဦးဆုံးအကြိမ်မြောက် Myanmar Food Festival ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့

ရန်ကုန် Sedona Hotel တွင် ပထမဦးဆုံးအကြိမ်မြောက် Myanmar Food Festival ပွဲတော်ကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

လူကြိုက်များထင်ရှားတဲ့ မြန်မာ့ရိုးရာအစားအစာအမျိုးပေါင်း ၄၀ ကျော်တို့အား ဘူဖေးပုံစံဖြင့် သုံးဆောင်နိုင်တဲ့ Myanmar Food Festival ပွဲတော်ကို Sedona Hotel Yangon တွင် ဟိုတယ်၏ နာမည်ကျော် D’Cuisine စားသောက်ဆိုင်တွင် ပထမဦးဆုံး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

ယင်းပွဲတော်ကို ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ နေ့စဉ် နေ့လယ်စာနှင့် ညစာ ရရှိနိုင်မည်ဖြစ်ပြီး ပြည်တွင်းရှိ မြန်မာ့အစားအစာ နှစ်ခြိုက်သူများနှင့် မြန်မာ့ရိုးရာအစားအစာများကို မြည်းစမ်းကြည့်လိုတဲ့ သူများ၊ ဟိုတယ်တွင် လာရောက်တည်းခိုသူများအပါအ၀င် အများပြည်သူများအတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။

 

ပွဲတော်တွင် တည်ခင်းသည့် ဟင်းလျာများကို Sedona Hotel Yangon ၏ Executive Chef ဖြစ်သူ Mr.Edmund Ng နှင့် အရည်အချင်းပြည့်ဝသော မြန်မာစားဖိုမှူးများပါဝင်သည့် အချက်အပြုတ်အဖွဲ့က အထူးစိစစ်ရွေးချယ်ထားကြောင်း သိရပါတယ်။

 

အစားအသောက်ချစ်သူများအနေဖြင့် ဒေသထွက်ကုန်ပစ္စည်းများကို အသုံးပြု၍ အရသာ ပြီးပြည့်စုံအောင် ချက်ပြုတ်ထားသော ဟင်းလျာမျိုးစုံကိုလည်း သွားရောက်သုံးဆောင်နိုင်ပါတယ်။

 

Myanmar Food Festival ပွဲတော်ရှိ အသုပ်စုံစားပွဲတွင် များပြားလှတဲ့ ပါဝင်ပစ္စည်းထဲမှ မိမိနှစ်သက်ရာရွေးချယ်ပြီး ကိုယ်ပိုင် မြန်မာအသုပ်စုံကိုလည်း ဖန်တီး၍ သုံးဆောင်နိုင်ပါတယ်။

 

အကြော်စားပွဲတွင်လည်း မြန်မာလူမျိုးများအကြိုက်တွေ့စေမည့် တန်ပူရာစတိုင်၊ ဗူးသီးကြော်၊ ရှမ်းရိုးရာ တို့ဟူးကြော်နှင့် ပုစွန်ခွက်ကြော်တို့ပါဝင်ပြီး ဟင်းချိုစားပွဲတွင် မြန်မာ့ရိုးရာမျှစ်ပုစွန် ချဉ်ပေါင်ဟင်းရည်၊ ပဲကြာဆံဟင်းချိုတို့လည်း တည်ခင်းထားကြောင်းသိရပါတယ်။

 

အဓိကဟင်းလျာများအဖြစ် မြန်မာ့ရိုးရာ ဆီပြန်ဟင်းများ၊ မြန်မာစတိုင် ဆာတေးနှင့် အသီးအရွက်ကြော်များကိုလည်း အရသာရှိစွာ သုံးဆောင်နိုင်ကြောင်း သိရပါတယ်။

 

Myanmar Food Festival ပွဲတော် ဘူဖေးအစီအစဉ်တွင် Sedona Hotel Yangon တွင် ပုံမှန်တည်ခင်းထားသော အနောက်တိုင်းအစားအစာများနှင့် အချိုပွဲဘူဖေးများကိုလည်း အတူတကွ သုံးဆောင်နိုင်ပါတယ်။

နေ့လယ်စာဘူဖေးရနိုင်တဲ့ အချိန်မှာ

* တနင်္လာနေ့မှ သောကြာနေ့ အထိ (နံနက် ၁၁း၃၀ နာရီမှ နေ့လယ် ၂း၃၀ နာရီအထိ )

တစ်ဦးလျှင် - ၂၅ ဒေါ်လာ

* စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ (နံနက် ၁၁း၃၀ နာရီမှ နေ့လယ် ၃း၀၀ နာရီအထိ)

တစ်ဦးလျှင် - ၃၃ ဒေါ်လာ (သန့်ရှင်းလတ်ဆတ်သော ပင်လယ်စာစားပွဲ၊ အသားကင်နှင့် ၀ိုင် အခမဲ့သောက်သုံးခွင့်) တို့ ပါဝင်ပါတယ်။

နေ့လယ်စာဘူဖေးရနိုင်တဲ့ အချိန်မှာ

* တနင်္လာနေ့မှ ကြာသပတေးနေ့ (ညနေ ၇း၀၀ နာရီမှ ည ၁၁း၀၀ နာရီအထိ)

တစ်ဦးလျှင် - ၃၃ ဒေါ်လာ

* သောကြာနေ့နှင့် စနေ၊ တနင်္ဂနွေ အားလပ်ရက်များ (ညနေ ၇း၀၀ နာရီမှ ည ၁၁း၀၀ နာရီအထိ)

တစ်ဦးလျှင် - ၃၆ ဒေါ်လာ (သန့်ရှင်းလတ်ဆတ်သော ပင်လယ်စာစားပွဲ၊ အသားကင်နှင့် ၀ိုင် အခမဲ့သောက်သုံးခွင့်) တို့ ပါဝင်ပါတယ်။

 

D’Cuisine တွင် ကြိုတင်မှာယူရန်အတွက် ၀၁-၈၆၀၅၃၇၇ သို့ ဆက်သွယ်နိုင်ပါတယ်။

Read 1730 times Last modified on Wednesday, 19 September 2018 11:25
Rate this item
(0 votes)