Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ဆဌမအကြိမ်မြောက် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ (၂၀၂၀)

Unicode

ဆဌမအကြိမ်မြောက်  မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ (၂၀၂၀)


ဆဌမအကြိမ်မြောက်  မြန်မာ့ စားသောက်ကုန် ကုန်စည်ပြပွဲကြီးကို February (14) ရက်နေ့ တွင် သာကေတမြို့နယ်ရှိ Myanmar Expo@ Fortune Plaza တွင်  ဖွင့်လှစ်ခဲ့ပါတယ်။


ဖွင့်ပွဲသို့ စက်မှုလက်မှုအသင်း ဥက္ကဌ ဦးဇော်မင်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရခိုင်ဝန်ကြီးချုပ်နှင့် အခြားဧည့်သည်တော်များ တက်ရာက်ခဲ့ကြပါတယ်။

 

Coffee Manufacturers & Dealers (100)ေကာ္ဖီထုတ္လုပ္ေရးႏွင့္ အေရာင္းကိုယ္စားလွယ္မ်ား (၁၀၀) ကိုရွာရန္ႏွိပ္ပါ။


ဖွင့်ပွဲတွင် မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းတို့မှ အဖွင့်အမှာစကားပြောကြားအပြီးတွင် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။


ကုန်စည်ပြပွဲကို ဖေဖော်ဝါရီလ (၁၄) ရက်မှ (၁၆) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဆင့်မီစားသောက်ကုန်များကို အများပြည်သူတွေလည်း ကြည့်ရှုလေ့လာနိုင်ပြီး လုပ်ငန်းရှင်အချင်းချင်း အပြန်အလှန် စီးပွားရေးဆက်သွယ်မှုရရှိနိုင်ရန်၊ နည်းပညာနဲ့ ခေတ်မီစက်ကိရိယာတွေကို လေ့လာပြီး ထုတ်လုပ်မှုစံချိန်၊ စံနှုန်းမြင့်မားစေဖို့ ရည်ရွယ်ချက်များနဲ့ ပြသထားပါတယ်။ ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းစင်ကြယ်တဲ့ စားသောက်ကုန်များကို ရွေးချယ်စားသုံးနိုင်မယ့် အခွင့်ရေးများလည်း ရရှိမှာဖြစ်ပါတယ်။


ထို့အပြင် ပြည်တွင်း၊ ပြည်ပ နာမည်ကြီးတံဆိပ် စားသောက်ကုန်မျိုးစုံကို Promotion လုပ်ပြီး အထူးလျော့ဈေးနဲ့ လက်ဆောင်တွေပေးပြီးလည်းရောင်းချပေးမည့်အပြင် ကံစမ်းမဲဖောက်မယ့် အစီစဉ်တွေလည်းရှိပါတယ်။


Read More >>>>>  ကိုယ် ချစ်ခင်တဲ့ သူတွေပေးဖို့အတွက် အိမ်မှာ ကိုယ်တိုင်ချောက်ကလက်ပြုလုပ်လိုက်ကြရအောင်


ပြပွဲ၏ ဒုတိယရက်တွင်လည်း စားသောက်ကုန်လုပ်ငန်းစတင်လုပ်ကိုင်မည့် လူငယ်လုပ်ငန်းရှင်အသစ်များအတွက် လိုအပ်သော အစားသောက်ထုတ်လုပ်ရာ ကွင်းဆက် (Food Supply Chain) တစ်လျှောက်သိမှတ်ဖွယ်ရာများ၊ ဘေးအန္တရာယ်ကင်းပြီး အရည်သွေးပြည့်မီသော စားသောက်ကုန်များထုတ်လုပ်နိုင်ရေးနှင့် တရားမျှတစွာ ယှဉ်ပြိုင်ရောင်းချနိုင်ရေးအတွက် မြန်မာ့စားသောက်ကုန်အရည်အသွေး ထိန်းသိမ်းရေးအခြေခံအဆောက်အအုံ စနစ်များအား အသိပညာပေးရှင်းလင်းပြောကြားခြင်းများကို ၁၅-၂-၂၀၂၀ ရက်နေ့ (၁၀:၀၀)နာရီ မှ (၄:၀၀)နာရီအထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို (ဝင်ကြေးအခမဲ့) နှင့်တက်ရောက်နိုင်မှာဖြစ်ပါတယ်။


Myanmar Food Industry Directory

 

 

ဆဌမအႀကိမ္ေျမာက္  ျမန္မာ့စားေသာက္ကုန္ ကုန္စည္ျပပြဲ (၂၀၂၀)


ဆဌမအႀကိမ္ေျမာက္  ျမန္မာ့ စားေသာက္ကုန္ ကုန္စည္ျပပြဲႀကီးကို February (14) ရက္ေန႔ တြင္ သာေကတၿမိဳ႕နယ္ရွိ Myanmar Expo@ Fortune Plaza တြင္  ဖြင့္လွစ္ခဲ့ပါတယ္။

 

ဖြင့္ပြဲသို႔ စက္မႈလက္မႈအသင္း ဥကၠဌ ဦးေဇာ္မင္းဝင္း၊ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ရခိုင္ဝန္ႀကီးခ်ဳပ္ႏွင့္ အျခားဧည့္သည္ေတာ္မ်ား တက္ရာက္ခဲ့ၾကပါတယ္။

 

Coffee Manufacturers & Dealers (100)ေကာ္ဖီထုတ္လုပ္ေရးႏွင့္ အေရာင္းကိုယ္စားလွယ္မ်ား (၁၀၀) ကိုရွာရန္ႏွိပ္ပါ။

 

ဖြင့္ပြဲတြင္ ျမန္မာႏိုင္ငံစားေသာက္ကုန္ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း ဥကၠဌမွ ႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း ႏွင့္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠဌ ဦးေဇာ္မင္းဝင္းတို႔မွ အဖြင့္အမွာစကားေျပာၾကားအၿပီးတြင္ အခမ္းအနားကို ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးခဲ့ပါတယ္။

 

ကုန္စည္ျပပြဲကို ေဖေဖာ္ဝါရီလ (၁၄) ရက္မွ (၁၆) ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ျပည္တြင္း၊ ျပည္ပ ႏိုင္ငံတကာအဆင့္မီစားေသာက္ကုန္မ်ားကို အမ်ားျပည္သူေတြလည္း ၾကည့္ရႈေလ့လာႏိုင္ၿပီး လုပ္ငန္းရွင္အခ်င္းခ်င္း အျပန္အလွန္ စီးပြားေရးဆက္သြယ္မႈရရွိႏိုင္ရန္၊ နည္းပညာနဲ႔ ေခတ္မီစက္ကိရိယာေတြကို ေလ့လာၿပီး ထုတ္လုပ္မႈစံခ်ိန္၊ စံႏႈန္းျမင့္မားေစဖို႔ ရည္႐ြယ္ခ်က္မ်ားနဲ႕ ျပသထားပါတယ္။ က်န္းမာေရးႏွင့္ညီၫြတ္ၿပီး သန႔္ရွင္းစင္ၾကယ္တဲ့ စားေသာက္ကုန္မ်ားကို ေ႐ြးခ်ယ္စားသုံးႏိုင္မယ့္ အခြင့္ေရးမ်ားလည္း ရရွိမွာျဖစ္ပါတယ္။

 

ထို႕အျပင္ ျပည္တြင္း၊ ျပည္ပ နာမည္ႀကီးတံဆိပ္ စားေသာက္ကုန္မ်ိဳးစုံကို Promotion လုပ္ၿပီး အထူးေလ်ာ့ေဈးနဲ႔ လက္ေဆာင္ေတြေပးၿပီးလည္းေရာင္းခ်ေပးမည့္အျပင္ ကံစမ္းမဲေဖာက္မယ့္ အစီစဥ္ေတြလည္းရွိပါတယ္။

 

Read More >>>>>  ကိုယ္ ခ်စ္ခင္တဲ့ သူေတြေပးဖုိ႕အတြက္ အိမ္မွာ ကိုယ္တိုင္ေခ်ာက္ကလက္ျပဳလုပ္လိုက္ၾကရေအာင္

 

ျပပြဲ၏ ဒုတိယရက္တြင္လည္း စားေသာက္ကုန္လုပ္ငန္းစတင္လုပ္ကိုင္မည့္ လူငယ္လုပ္ငန္းရွင္အသစ္မ်ားအတြက္ လိုအပ္ေသာ အစားေသာက္ထုတ္လုပ္ရာ ကြင္းဆက္ (Food Supply Chain) တစ္ေလွ်ာက္သိမွတ္ဖြယ္ရာမ်ား၊ ေဘးအႏၲရာယ္ကင္းၿပီး အရည္ေသြးျပည့္မီေသာ စားေသာက္ကုန္မ်ားထုတ္လုပ္ႏိုင္ေရးႏွင့္ တရားမွ်တစြာ ယွဥ္ၿပိဳင္ေရာင္းခ်ႏိုင္ေရးအတြက္ ျမန္မာ့စားေသာက္ကုန္အရည္အေသြး ထိန္းသိမ္းေရးအေျခခံအေဆာက္အအုံ စနစ္မ်ားအား အသိပညာေပးရွင္းလင္းေျပာၾကားျခင္းမ်ားကို ၁၅-၂-၂၀၂၀ ရက္ေန႔ (၁၀:၀၀)နာရီ မွ (၄:၀၀)နာရီအထိ က်င္းပျပဳလုပ္မွာျဖစ္ၿပီး စိတ္ဝင္စားသူ မည္သူမဆို (ဝင္ေၾကးအခမဲ့) ႏွင့္တက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။

 

Myanmar Food Industry Directory

Read times Last modified on Saturday, 22 February 2020 09:03
Rate this item
(0 votes)