Event & Exhibition
ပြည်တွင်းတံဆိပ်များ ဈေးကွက်ဦးဆောင်မှုကို တည်ဆောက်ခြင်း ဟောပြောပွဲ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ဘာသာရပ်ဆိုင်ရာပညာရှင်ဟောပြောပွဲများကို လစဉ်ကျင်းပလျှက်ရှိရာ
၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ဟောပြောပွဲတွင် " ပြည်တွင်း တံဆိပ်များ ဈေးကွက်ဦးဆောင်မှုကို တည်ဆောက်ခြင်း " ခေါင်းစဉ်ဖြင့် အောက်ပါပုဂ္ဂိုလ်များမှ ဟောပြောဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
ဆွေးနွေးမည့်ပုဂ္ဂိုလ်များကတော့ ဦးအောင်ကျော်ဦး (Coca Media)၊ ဦးအောင်သူရ (Ignite Marketing Communication)၊ ဒေါ်ခင်မြတ်ထွေး (TODAY Ogilvy)၊ ဒေါ်စံပါယ်အောင် (Nielson MMRD)၊ ဦးစွမ်းထက် (MeXtra) တို့ ဖြစ်ပါတယ်။
ဆွေးနွေးမေးမြန်းသူကတော့ ဒေါ်လင်းလင်းတင်ထွန်း (Mango Advertising) ဖြစ်ပါတယ်။
အဆိုပါ ဟောပြောဆွေးနွေးပွဲအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမှာဖြစ်ပါတယ်။
ကျင်းပမည့်နေရက် - ၂.၂.၂၀၁၉ (စနေနေ့)
ကျင်းပမည့်အချိန် - (၁၄း၀၀) နာရီ
ကျင်းပမည့်နေရာ - UMFCCI Office Tower ပထမထပ်(မင်္ဂလာခန်းမ)
အမှတ် (၂၉) မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။