Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


UMFCCI နှစ် ( ၁၀၀ ) ပြည့် ကုန်စည်ပြပွဲတွင် ကုန်ပစ္စည်းများ ဝင်ရောက်ပြသနိုင်

မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် ( UMFCCI ) မှ ၂၀၁၉ မှာ ပြည့်မြောက်မယ့် နှစ် ( ၁၀၀ ) ပြည့် အထိမ်းအမှတ်အဖြစ် “UMFCCI Centennial International Expo 2019” ကို စက်တင်ဘာလ ( ၂၀ ) ရက်မှ ( ၂၂ ) ရက်နေ့အထိ Fortune Plaza (Myanmar Expo) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

 

ယင်းပြပွဲကြီးကို နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ပြသနိုင်စေရန်၊ နိုင်ငံတကာဈေးကွက်ကို မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများ ထိုးဖောက်ဝင်ရောက် ရောင်းချနိုင်စေရန်၊ ပြည်ပမှ အရည်သွေးမြင့် သွင်းကုန်ပစ္စည်းများ ပြည်တွင်းဈေးကွက်ထံ ရောက်ရှိလာစေရန်တို့အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင်များကိုလည်း ကုန်ပစ္စည်းများ ဝင်ရောက်ပြသဖို့ ဖိတ်ခေါ်ထားပါတယ်။

 

ပြပွဲမှာ နိုင်ငံတကာမှ ကုန်ပစ္စည်းများအပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းများမှ ဒေသထွက်ကုန်နှင့် ထုတ်ကုန်ပစ္စည်းများ (Value Added & Semi Finish Products) ကို ပြခန်းပေါင်း (၂၀၀) ကျော်နှင့် ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

 

၎င်းအပြင် အသင်းချုပ်ညီနောင်အသင်းအဖွဲ့များမှလည်း တိုင်းနဲ့ ပြည်နယ်များမှ အရည်အသွေးမီတဲ့ ဒေသထွက်ကုန်ပစ္စည်းများ ၊ လုပ်ငန်းအလိုက်အသင်းများဖြစ်ပါက ပြည်ပပို့ကုန်မြှင့်တင်ရေးနဲ့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဝင်ရောက် ရောင်းချနိုင်တဲ့ ပစ္စည်းများကိုပါ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

 

Read More >>>>>   ခရမ်းချဉ်သီး စားသုံးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ

 

ယခုပြပွဲကြီးမှာ ပါဝင်ပြသဖို့ စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်များအနေနဲ့ Phone : + 951-231 4344~49 (Ext :118, 301) + 959-450 200 340, 09450200330, 09677727514, Mail : centennialexpo.umfcci@gmail.com ကို ဆက်သွယ်နိုင်သလို www.umfccicentennialexpo.com မှာလည်း ပြပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

 

နေ့ရက်း ၂၀၁၉ ၊ စက်တင်ဘာလ ၂၀ ရက် မှ ၂၂ ရက် နေ့


အချိန်း မနက် ၉ နာရီ မှ ညနေ ၆ နာရီ


နေရား Fortune Plaza (Myanmar Expo)

 

Source: UMFCCI

Read 1765 times Last modified on Thursday, 22 August 2019 16:04
Rate this item
(102 votes)