Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများရှိ စားသောက်ကုန် လုပ်ငန်းများအတွက် စွမ်းအင်ကို အကျိုးရှိစွာ အသုံးချနိုင်မည့် အစီအစဉ်မိတ်ဆက်

အရှေ့တောင်အာရှနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများတွင် စွမ်းအင်ကို အကျိုးရှိထိရောက်စွာသုံးစွဲမှု တိုးတက်လာစေရေးအား အရှိန်ဟုန်မြှင့်တင် ဆောင်ရွက်ရန်

Carbon Trust မှ UK- ASEAN Energy Efficiency Accelerator ကို ယခုလ ၁၄ ရက်က စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို ၂၀၂၂ ခုနှစ် မတ်လအထိ လုပ်ဆောင်ရန် ရည်ရွယ်ထားပြီး မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများရှိ စားသောက်ကုန်နှင့် အဖျော်ယမကာ ကဏ္ဍအား အဓိကထား ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍသည် ဒေသတွင်း စက်မှုလုပ်ငန်းနယ်ပယ်များအနက် စွမ်းအင်သုံးစွဲမှု အမြင့်ဆုံးလုပ်ငန်း နယ်ပယ်တစ်ခုဖြစ်သည့်အတွက် စွမ်းအင်သုံးစွဲမှုတွင် ၄ ဒသမ ၅ MTOE (သို့မဟုတ် လက်ရှိ စုစုပေါင်းစွမ်းအင်သုံးစွဲမှု၏ ၃၅ ရာခိုင်နှုန်း) အထိ လျှော့ချနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါအစီစဉ်သည် စားသောက်ကုန်နှင့် အဖျော်ယမကာ ထုတ်လုပ်သော အသေးစား၊ အလတ်စားနှင့် အကြီးစား လုပ်ငန်းများအား ပံ့ပိုးလုပ်ဆောင် သွားမည်ဖြစ်သည်။

Accelerator အစီအစဉ်သည် UK အစိုးရ၏ Prosperity Fund မှ ငွေကြေးပံ့ပိုးပေးသော အာဆီယံဒေသဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုနည်းသော စွမ်းအင်အစီအစဉ်မှတစ်ဆင့် ဖော်ဆောင်သွားမည်ဖြစ်ပြီး စီမံခန့်ခွဲမှုစနစ်များ အသုံးပြု၍ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးစံနှုန်းများချမှတ်ကာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍတွင် အများဆုံး လုပ်ဆောင်ရသည့် အေးခဲခြင်း၊ ချက်ပြုတ်ခြင်း၊ ပေါင်းခံခြင်း၊ အခြောက်ခံခြင်း စသည့်အခြေခံအချက် (၇) ချက်အား လွှမ်းခြုံသော စွမ်းအင်ခြိုးခြံချွေတာရေး လမ်းညွှန်ချက်များအား Online မှ ကြည့်ရှုနိုင်ရန် စီစဉ်ပြုစု ပေးထားသည်။

ကမ္ဘာလုံးဆိုင်ရာ အကောင်းဆုံး အလေ့အကျင့် ISO 50001 နှင့်ကိုက်ညီသော စွမ်းအင်စီမံခန့်ခွဲမှုစနစ် လမ်းညွှန်ကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်ပြီး အသေးစား ကုမ္ပဏီများမှ အကြီးစား ကုမ္ပဏီများအထိ အရွယ်အစား အမျိုးမျိုးရှိသော ကုမ္ပဏီများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများနှင့် နည်းပညာပံ့ပိုးမှုများကိုလည်း အခမဲ့ မျှဝေပေးနေကြောင်း သိရသည်။

Spirax Sarco နှင့်အတူတကွ ပူးပေါင်းဆောင်ရွက်၍ Accelerator သည် ရေနွေးငွေ့စနစ်၏ ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်းနှင့် ထိရောက်စွာ အသုံးချခြင်းတို့တွင် အကောင်းဆုံး ဖြစ်စေရန် ဇန်နဝါရီ ၂၆ ရက်နေ့တွင် Online သင်တန်းအား ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

MDN

Read 8817 times
Rate this item
(0 votes)