Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ငွေကျပ် ၅၀၀ နှုန်းဖြင့်ဝယ်စားနိုင်တဲ့ စင်္ကာပူပွဲတော်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့။ Singapore Tourism Board နှင့် Doh Eain ကုမ္ပဏီတို့ပူးပေါင်း၍ စင်ကာပူနိုင်ငံ၏ ယဉ်ကျေးမှုကို

ဖော်ထုတ်ပြသရန် Singapore Festival 2018 ကို ရန်ကုန်မြို့ ၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြားရှိ ဘိုကလေးဈေးလမ်းတွင် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

Singapore Festival 2018 ပွဲတွင် စင်္ကာပူ-မြန်မာ အစားအသောက်များကို ငွေကျပ် ၅၀၀ နှုန်းဖြင့် ရောင်းချမည့်အပြင် Atypical Singapore အနုပညာလက်ရာ တပ်ဆင်ပြသထားမှု၊ Augmented Reality ၏ ထူးခြားသည့် အတွေ့အကြုံများကို အနုပညာရှင် ROAR ၏ လမ်းပေါ်က ပြောင်မြောက်သည့် အနုပညာလက်ရာ Live Graffiti များကိုလည်း ကြည့်ရှုခံစားနိုင်ပြီး မိသားစုဝင်များ အတွက် ကစားနည်းများနှင့်အတူ ကလေးကစားကွင်း ဧရိယာကိုလည်း ထည့်သွင်းစီစဉ်ထားကြောင်း သိရပါတယ်။

 

ပွဲတော်တွင် ခေတ်ပေါ်အစားအစာများ၊ ပျော်ပွဲရွှင်ပွဲ၊ ယဉ်ကျေးမှုနယ်နိမိတ်လွန် အနုပညာလက်ရာများ၊ ဂီတဖျော်ဖြေတင်ဆက်မှု များဖြင့် စီစဉ်ထားကြောင်း၊ စင်္ကာပူနိုင်ငံ နာမည်ကြီး ရက်ပ်ပါ The Lion city Boy နှင့် အဆိုတော်ဟဲလေးတို့က ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကာ စင်္ကာပူအနုပညာရှင်များနှင့် တွေ့ဆုံပွဲများကို စီစဉ်ထားပြီး စင်္ကာပူ-မြန်မာ ဆက်ဆံရေးကို ဖော်ကျူးပြသရန်၊ ပွဲတော်အစီအစဉ်များမှတစ်ဆင့် မြန်မာပြည်သူများအတွက် အိပ်မက် (Passion Made Possible) ဖြစ်စေရန် ရည်ရွယ်၍ ကျင်းပ ခြင်းဖြစ်ကြောင်း သိရပါတယ်။

Read times
Rate this item
(1 Vote)