Event & Exhibition
" Made In Myanmar - ပြည်တွင်းဖြစ်ကို အားပေးပါ " ပွဲကြီးရဲ့ ဆိုင်ခန်းရှင်တွေအတွက် အခွင့်အလမ်းအသစ်တွေက စောင့်ကြိုနေပါပြီ
‘Made In Myanmar - ပြည်တွင်းဖြစ်ကို အားပေးပါ’ ပွဲကြီးရဲ့ ဆိုင်ခန်းရှင်တွေအတွက် အခွင့်အလမ်းအသစ်တွေက စောင့်ကြိုနေပါပြီ။
ဇန်နဝါရီလ ၄၊၅၊၆ ရက်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်မယ့် 'Made In Myanmar - ပြည်တွင်းဖြစ်ကို အားပေးပါ' ပွဲမှာ ပါဝင်မယ့် ဆိုင်ခန်းရှင် ( Vendor ) တွေအတွက် ရရှိလာမယ့် အခွင့်အလမ်းတွေက ဘာတွေလဲ ? ဘာကြောင့် ပါဝင်သင့်တာလဲ ?
ဒီပွဲကနေ ရရှိလာမယ့် ပထမအခွင့်အလမ်းကတော့
အရည်အသွေးပြည့်မှီတဲ့ ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းကို စားသုံးသူတွေနဲ့ ထိတွေ့ခွင့်ရစေမှာဖြစ်ပါတယ်။
ဒုတိယ အခွင့်အလမ်းကတော့
အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဒီထက်ပိုပြီး ကိုယ့်ရဲ့လုပ်ငန်းကို တိုးချဲ့နိုင်ဖို့ အတွက် လမ်းကြောင်းအသစ်တွေကို ရရှိစေမှာဖြစ်ပါတယ်။
ထုတ်ကုန်ပစ္စည်းသမားတွေအတွက် နယ်ပယ်အသီးသီးမှာရှိတဲ့ ပညာရှင်တွေရဲ့ ဆွေးနွေးအကြံပေးတာကို Made In Myanmar ပွဲကြီးမှာ ရရှိနိုင်ဦးမှာပါနော်။
ကိုယ့်လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံချင်သူတွေနဲ့ တွေ့ရှိရဖို့ အခွင့်အရေးလည်း ရှိနိုင်ပါတယ်။
ကျင်းပမယ့်အချိန်ကလည်း မနက် ၁၁ နာရီမှ ည 11 နာရီအထိ ဖြစ်တာကြောင့် ကိုယ့်ရဲ့ ထုတ်ကုန်ပစ္စည်းကို အချိန်ကြာမြင့်စွာ ခင်းကျင်းပြသနိုင်မှာပဲ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ အရေးကြီးတဲ့ အချက်ကတော့ Made In Myanmar က မြန်မာနိုင်ငံတွင် ထုတ်လုပ်သည် ဆိုတဲ့ လုပ်ငန်းရှင်တွေအားလုံးကို တစ်နေရာတည်း တစ်စုတစ်စည်းတည်း ဖြစ်အောင် ပေါင်းစည်းပေးရင်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ တိုးတက်နေတဲ့ နည်းပညာတွေ ကို ထုတ်ဖော်ပြသရင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တစ်ထောင့်တစ်နေရာကနေ အကျိုးပြုပေးမယ့်ပွဲ ဖြစ်တာကြောင့် မြန်မာ နိုင်ငံသားတစ်ယောက်အနေနဲ့ ပါဝင်သင့်တဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။
Made In Myanmar 'ပြည်တွင်းဖြစ်ကို အားပေးပါ' ပွဲကို လာရောက်ရိုက်ကူးပေးမယ့် ပြည်တွင်း ရုပ်မြင်သံကြားလိုင်းတွေ၊ online TV channel တွေကလည်း တိုက်ရိုက်ထုတ်လွှင့်ပေးတဲ့အခါမှာ ကိုယ့်လုပ်ငန်းရဲ့ နာမည်တွေ ကိုယ့်ထုတ်ကုန်တွေကို တစ်နိုင်ငံလုံးက မြင်တွေ့ရမှာဖြစ်တဲ့အတွက် Awareness တွေရရှိဖို့ Made In Myanmar 'ပြည်တွင်းဖြစ်ကို အားပေးပါ' ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
“Made In Myanmar - ပြည်တွင်းဖြစ်ကို အားပေးပါ” ပွဲကြီးတွင် Vendor အဖြစ်ပါဝင်လိုပါက အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဆက်သွယ်ရန်ဖုန်း - 09253995116
ဆက်သွယ်ရန်လိပ်စာ - No.184, Ground Floor, 36th Street (Middle Block) , Kyauktata Tsp. , Yangon.
ဆက်သွယ်ရန် မေးလ် - madeinmyanmar@creativehubmyanmar.com