Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယကုန်စည်ပြပွဲ ရန်ကုန်မြို့ တွင် သုံးရက်ကြာ ကျင်းပမည်

အိန္ဒိယနိုင်ငံ စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုနှင့် အတူ အိန္ဒိယနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (CIT)၊

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ အခြေစိုက် အိန္ဒိယ-မြန်မာကုန်သည်စက်မှုအသင်း (IMCC) နှင့် မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးတို့၏ စီစဉ်မှုဖြင့် အိန္ဒိယကုန်စည်ပြပွဲ 5th Enterprise India Show 2018 ကို ရန်ကုန်မြို့ ရှိ Lotte Hotel တွင် ဒီဇင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်ကြာ ကျင်းပသွား မည်ဖြစ်ကြောင်း ၂၀၁၈၊ ဒီဇင်ဘာလ ၉ ရက်နေ့ ရန်ကုန်မြို့ ရှိ အိန္ဒိယသံရုံးတွင် ကျင်းပခဲ့သည့် ပြပွဲကျင်းပရေးသတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။

 

"မြန်မာနိုင်ငံနဲ့ စီးပွားရေးအခန်းကဏ္ဍမှာ ချဲ့ ထွင်ဖို့နဲ့ ပွဲကျင်းပစဉ်ကာလအတွင်းမှာ အိန္ဒိယနိုင်ငံရဲ့  အကြီးအကဲတစ်ဦးကိုယ်တိုင် ဖွင့်လှစ်ပေးမှာဖြစ်လို့ အလွန်ထူးခြားတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Shri Vikram Misri က ပြောကြားခဲ့ပါတယ်။

 

ယင်းကုန်စည်ပြပွဲကို အိန္ဒိယနိုင်ငံထုတ်ကုန်များနှင့် ပင်လယ်ရပ်ခြားရှိ အိန္ဒိယစက်မှုလုပ်ငန်းများကို လူအများသိရှိမှုမြှင့်တင်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြပွဲတွင် အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ၊ ကိရိယာများ၊ ၀န်ဆောင်မှုများနှင့် နည်းပညာများကို ပြသမည်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ခြင်းဖြင့် စက်မှုလုပ်ငန်းများနှင့် ကုန်သွယ်မှုမိတ်ဖက်များ တည်ဆောက်ရာတွင် ကူညီပြီး စွန့်ဦး တီထွင်လုပ်ငန်းရှင်များအတွက် တင်သွင်းခြင်း၊ တင်ပို့ခြင်းဆိုင်ရာ ဈေးကွက်သစ်များ ပွင့်လင်းစေမည့် အကျိုးကျေးဇူးများ ရရှိစေ မည်ဖြစ်ကြောင်း သိရပါတယ်။

 

ယင်းပြပွဲတွင် လယ်ယာစိုက်ပျိုးရေးနှင့် လယ်ယာသုံးကိရိယာများ၊ မော်တော်ယာဉ်များနှင့် မော်တော်ယာဉ်အစိတ်အပိုင်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေး ကိရိယာများ၊ စက်ယန္တရားများနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာကိရိယာ များနှင့် ဆေးဝါးများ၊ ရေနံနှင့် ဓာတ်ငွေ့၊ ပညညာရေး၊ လျှပ်စစ်နှင့် ၀န်ဆောင်မှုကဏ္ဍများဖြစ်သည့် ဆက်သွယ်ရေး၊ ငွေကြေးစသည်တို့ကို အဓိက ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါပြပွဲမှတစ်ဆင့် ပြည်တွင်းမှ ကုမ္ပဏီများ၊ အေဂျင်စီများအနေဖြင့် အိန္ဒိယနိုင်ငံမှ လုပ်ငန်းများနှင့် ထိတွေ့မှုရရှိစေမည်ဖြစ်ပြီး ပြပွဲတွင် ပါဝင်ပြသသော အိန္ဒိယကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်မှုအခွင့်အလမ်းများလည်း ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

Read times Last modified on Monday, 10 December 2018 17:15
Rate this item
(1 Vote)