Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


CP Five Star Challenge

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ဝန်းအတွင်းရှိ ကားပါကင်ဝန်းအတွင်းတွင်

အစားပြိုင်ပွဲနှင့် ဟင်းချက်ပြိုင်ပွဲ ကြီးကို CP Five Star မှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီကျော်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

CP Five Star မှ ပြုလုပ်ခဲ့သည့် ကံစမ်းမဲအစီအစဉ်အတွင်း ကံထူးခဲ့သူများ၏ ပြိုင်ပွဲသာမကဘဲ CP Five Star ၏ ဂိမ်းအစီအစဉ်များဖြင့် ပျော်ရွှင်ဖွယ် အစီအစဉ်များကိုလည်း ထည့်သွင်းခဲ့ပါတယ်။

ပွဲတွင် ပါဝင်ယှဉ်မည့်ပြိုင်ပွဲဝင်များအား အဆင်ပြေလွယ်ကူစွာ ပါဝင်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ ရွေးချယ်စုဆောင်းခဲ့ခြင်းဖြစ်ပါ တယ်။ လျှောက်လွှာကူပွန်များကို မြန်မာတစ်နိုင်ငံလုံးရှိ CP အရောင်းဆိုင်တိုင်းတွင် ဖြန့်ဝေပေးထားခဲ့ပြီးဖြစ်ကာ လျှောက်လွှာကူပွန်များ ရယူလိုပါက ပါဝင်ယှဉ်ပြိုင်လိုသူတစ်ဦးအနေဖြင့် CP Five Star မှ ရောင်းချသော စားသောက်ကုန် များကို ၂၀၀၀ ကျပ်ဖိုး ၀ယ်ယူစေကာ ကိုယ်ရေးအချက်အလက်များနှင့် ဆက်သွယ်ရမည့် လိပ်စာဖြည့်သွင်းပြီးသော လျှောက်လွှာများကို လက်မှတ်ထိုး၍ အမြို့မြို့အနယ်နယ်တိုင်းရှိ CP Five Star အရောင်းဆိုင်တိုင်းသို့ ပြန်လည်ပေးပို့စေခြင်း ဖြစ်ပါတယ်။

20161203 152923

လျှောက်လွှာပိတ်ပြီးသော အချိန်တွင် CP Five Star ဆိုင်များမှ လျှောက်လွှာများအားလုံးကို စုစည်း၍ ရန်ကုန်မြို့ရှိ ရုံးချုပ်တွင် ပေးပို့ခဲ့ပြီး ကံစမ်းမဲအစီအစဉ်ဖြင့် အစားပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အယောက် ၁၀၀ အား ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ခြင်းခံရသော ပြိုင်ပွဲဝင်အမည်များကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်းနှင့် ညနေ ၅ နာရီမှ ၆ နာရီအတွင်း ပြန်လည်ထုတ်လွှင့်ခဲ့သည့် MRTV-4 ရုပ်သံလိုင်းမှ ခေတ်သစ်ပျိုမေ အစီအစဉ်တွင် ထုတ်လွှင့် ကြေညာပေးခဲ့ပါတယ်။

ပြိုင်ပွဲမစတင်မီ Mr.Karan Sangfai, Vice President of Food Business, Myanmar C.P. Livestock Co., Ltd. မှ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲအစီအစဉ်များကို အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစသဖြင့် ၂ ပိုင်း ခွဲထားပါတယ်။ အကြိုဗိုလ်လု ပွဲတွင် ပြိုင်ပွဲဝင် ၁၀ ယောက်စီကို အုပ်စု ၁ ဖွဲ့ ဖွဲ့၍ စုစုပေါင်း ပြိုင်ပွဲဝင်အဖွဲ့ပေါင်း ၁၀ ဖွဲ့ပါဝင်ကာ ၁ ဖွဲ့စီမှ ကြက်ပေါင်ကြော် အမြန်ဆုံးစားနိုင်သော သူများကိုသာ ရွေးချယ်ခဲ့ပါတယ်။ အဖွဲ့ ၁ ဖွဲ့စီမှ အနိုင်ရရှိသူများကို ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်စေခဲ့ပြီး ဗိုလ်လုပွဲအစီအစဉ်မှာ အနည်းငယ် ကွဲပြားသော ပုံစံဖြင့် ရွေးချယ်ဖိတ်ခေါ်ထားသော ဧည့်သည်အနုပညာရှင်များနှင့်အတူ ၂ ယောက် တစ်တွဲယှဉ်ပြိုင်စေခဲ့ပါတယ်။

20161203 154012

တစ်ဖွဲ့ချင်းစီမှ CP ထုတ်ကုန်များကို အဓိကအသုံးပြု၍ ဆန်းသစ်သော ဟင်းပွဲများကို ပြင်ဆင် တင်ဆက်ခဲ့ပြီး အကဲဖြတ်ဒိုင်များအနေဖြင့် 5 Plus Channel, “Fast & Fresh Food” မှ master chef ဦးဆန်နီနှင့် CP မှ အကဲဖြတ်ဒိုင် Ms.Rapiporn Aungkurasi တို့မှ ပြိုင်ပွဲဝင်များ တင်ဆက်သော ဟင်းပွဲများ၏ တီထွင်ဖန်တီးနိုင်မှု၊ အရသာနှင့် တက်ဆက်နိုင်စွမ်းများအပေါ် မူတည်ကာ ဝေဖန်အကဲဖြတ်ပေး၍ အနိုင်ရရှိသူများကို ရွေးချယ်ပေးခဲ့ပါတယ်။

20161203 163053

ပထမဆု အနိုင်ရရှိသူအနေဖြင့် ဆုငွေကျပ် သိန်း ၃၀၊ ဒုတိယဆု ကျပ် သိန်း ၂၀ နှင့် တတိယဆု ကျပ် ၁၀ သိန်း အပါအ၀င် နောက်ဆုံးပြိုင်ပွဲအထိ ၀င်ရောက်ခဲ့သည့် ဆန်ခါတင်ပြိုင်ပွဲဝင် ၇ ယောက်အတွက်လည်း ကျပ် ၁ သိန်းစီကို ချီးမြှင့်ခဲ့ပါတယ်။

20161203 154747

ပြိုင်ပွဲအစီအစဉ်ကျင်းပနေစဉ် ကြားအချိန်တွင် နိုင်ငံကျော်အဆိုတော်များဖြစ်ကြသော ရဲရင့်အောင်နှင့် အိမ့်ချစ်တို့မှ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ပါတယ်။

CP Five Star ဆိုင်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းနှစ်ဆယ်ကျော်တိုင် ရပ်တည်လာခဲ့တာဖြစ်ပြီး မြန်မာပြည်ရဲ့ မီးဖိုချောင်တစ်ခုအဖြစ် ရည်ရွယ်ချက်ထားကာ ရပ်တည်ခဲ့ကြောင်းလည်း သိရပါတယ်။

ယခု မြန်မာပြည်တွင် CP ကြက်ကြော်နဲ့ ကြက်ကင်ဆိုင်ခွဲပေါင်း ၂၅၀ ကျော်၊ CP Five Star Extra စားသောက်ဆိုင်များနှင့် CP အဆင့်မီ ထုပ်ပိုးမှုစားသောက်ကုန်များနှင့် အစားအစာ ၀န်ဆောင်မှု လုပ်ငန်းများကနေတစ်ဆင့် စားသုံးသူများထံသို့ အရသာကောင်းမွန်မှုနဲ့အတူ အရည်အသွေး ပြည့်မီသော အစားအစာများကိုသာ ရောင်းချကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 25 September 2018 09:05
Rate this item
(1 Vote)