Event & Exhibition
×
Warning
JUser: :_load: Unable to load user with ID: 540
ပထမအကြိမ် မြန်မာ့စားသောက်ကုန် အရည်အသွေး ထိန်းသိမ်းရေးအခြေခံအဆောက်အအုံ အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ (၂၀၂၀ ခုနှစ်)
Unicode
ပထမအကြိမ် မြန်မာ့စားသောက်ကုန် အရည်အသွေး ထိန်းသိမ်းရေးအခြေခံအဆောက်အအုံ အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ (၂၀၂၀ ခုနှစ်)
ပူးပေါင်းပါဝင်သောအဖွဲ့အစည်းများ
မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှကြီးမှူး၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ပါသည်။
ဆွေးနွေးပွဲရည်ရွယ်ချက်
၁။ စားသောက်ကုန်အရည်အသွေး ထိန်းသိမ်းရေး အခြေခံအဆောက်အအုံ ပီပီပြင်ပြင် ပေါ်ထွက်လာရေး၊
၂။ ဘေးအန္တရာယ်ကင်းပြီး အရည်အသွေးပြည့်မီသော စားသောက်ကုန်များ အာမခံနှင့် ထုတ်လုပ်ရောင်းချနိုင်ရေး၊
၃။ စားသောက်ကုန်ထုတ်လုပ်ငန်းများ တရားမျှတစွာ ယှဉ်ပြိုင်ရောင်းချနိုင်စေရေး၊
၄။ ပြည်တွင်းပြည်ပ စားသုံးသူများ မြန်မာစားသောက်ကုန်များအပေါ် ယုံကြည်စိတ်ချစွာ စားသုံးလာစေရေး၊
၅။ ပြည်ပသို့ စားသောက်ကုန်များ ပိုမိုတင်ပို့ရောင်းချနိုင်ရေး၊
၆။ စားသောက်ကုန်များ ထုတ်လုပ်သည့် SME များစနစ်တကျဖွံ့ဖြိုးတိုးတက်ရေး၊
၇။ စားသောက်ကုန်အရည်အသွေးအမှတ်တံဆိပ် အကောင်အထည်ဖော်နိုင်ရေး၊
ကျင်းပမည့်နေရက် - ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက် (စနေနေ့)
ကျင်းပမည့်အချိန်  -  နံနက် ၁၀း၀၀ နာရီမှ ညနေ ၁၆း၀၀ နာရီထိ
ကျင်းပမည့်နေရာ  -  Myanmar Expo @ Fortune Plaza
ဆွေးနွေးပွဲဖွင့်ပွဲအစီအစဉ်များ
နံနက် ၁၀း၀၀ နာရီမှ ၁၀း၁၀ နာရီအတွင်းတွင် မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း။
နံနက် ၁၀း၁၀ နာရီမှ ၁၀း၂၅ နာရီအတွင်းတွင် အထူးဧည့်သည်တော်မှ လမ်းညွှန်အမှာစကား ပြောကြားခြင်း။
နံနက် ၁၀း၂၅ နာရီမှ ၁၀း၄၀ နာရီအတွင်းတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း
နံနက် ၁၀း၄၀  နာရီမှ ၁၁း၁၀ နာရီအတွင်းတွင် မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းနှင့် လက်ဖက်ရည်၊ မုန့်ဖြင့်ဧည့်ခံခြင်း အစရှိတဲ့ အစီအစဉ်များ ပါဝင်ပါမည်။
Read More >>>>> မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းရဲ့ Myanmar Retail Summit and Expo 2020 ပွဲကြီး
ဆွေးနွေးပွဲအစီအစဉ်များ
နံနက် ၁၁း၁၀ နာရီမှ ၁၁း၃၀ နာရီအတွင်းတွင် "အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံ အဆောက်အအုံ (National Quality Infrastructure) အကောင်အထည်ဖော်နေမှုများ" ဦးဝင်းခိုင်မိုး၊ ညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန။
နံနက် ၁၁း၃၀ နာရီမှ ၁၁း၅၀ နာရီအတွင်းတွင်"မြန်မာစံချိန်စံညွှန်းအဖွဲ့ (Myanmar Standard Body) ၏ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများ " သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန။
နံနက် ၁၁း၅၀ နာရီမှ မွန်းတည့် ၁၂း၀၀ နာရီအတွင်းတွင် "အမျိုးသားတိကျစွာတိုင်းတာမှုသိပ္ပံ (မြန်မာ) (National Institute of Metrology Myanmar) ၏ ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများ" သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန။
မွန်းတည့် ၁၂း၀၀ နာရီမှ ၁၂း၃၀ နာရီ အတွင်းတွင် "မြန်မာအသိအမှတ်ပြုအဖွဲ့ (Myanmar Accrediation Body-MAB) ၏ ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများ" သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန။
နေ့လည် ၁၂း၃၀ နာရီမှ ၁၃း၃၀ နာရီအတွင်းတွင် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်း
နေ့လည် ၁၃း၃၀ နာရီမှ ၁၃း၅၀ နာရီအတွင်းတွင် "စိုက်ပျိုးရေးအလေ့အထကောင်း (Good Agricultural Practice - GAP) အကောင်အထည်ဖော်နေမှုများ" စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန။
နေ့လည် ၁၃း၅၀ နာရီမှ ၁၄း၁၀ နာရီအတွင်းတွင် "စိုက်ပျိုးရေးအလေ့အထကောင်း (Good Animal Husbandry Practice - GAP) အကောင်အထည်ဖော်နေမှုများ" စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန။
နေ့လည် ၁၄း၁၀ နာရီမှ ၁၄း၃၀ နာရီအတွင်းတွင် "စားသောက်ကုန်ထုတ်လုပ်မှုအလေ့ အထကောင်း (Good Manufacturing Practice - GMP) အကောင်အထည်ဖော်နေမှု များ" အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန။
နေ့လည် ၁၄း၃၀ နာရီမှ ၁၄း၅၀ နာရီအတွင်းတွင် "အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံစနစ်တကျအကောင်အထည်ဖော်ရေးအကြံပြုချက်" Dr. Tin Latt, Managing Director of MAT Audit & Professional Services
နေ့လည် ၁၄း၅၀ နာရီမှ ၁၅း၁၀ နာရီအတွင်းတွင် "စားသောက်ကုန်များအာမခံနှင့် ထုတ်လုပ်ရောင်းချနိုင်ရေးလိုအပ်ချက်များ အကြံပြုချက်" မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း
နေ့လည် ၁၅း၁၀ နာရီမှ ၁၅း၅၀ နာရီအတွင်းတွင် "မြန်မာ့စားသောက်ကုန် အရည်အသွေးထိန်းသိမ်းရေးအခြေခံအဆောက်အအုံ အကောင်အထည်ဖော်နေမှုများအပေါ် အဖွဲ့လိုက်ဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်းခြင်း"
ဆွေးနွေးပွဲအဖွဲ့ဝင်များ
၁။  မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း
၂။  သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန
၃။  စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
၄။  မွေးမြူရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
၅။  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
၆။  ကျန်းမာရေးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ညနေ ၁၅း၅၀ နာရီမှ ၁၆း၀၀ နာရီအတွင်းတွင် မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခြင်း တို့ ပါဝင်မှာဖြစ်ပါသည်။
#Myanmar Food Industry Directory
Read More >>>>> မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းရဲ့ Myanmar Retail Summit and Expo 2020 ပွဲကြီး
Read times Last modified on Thursday, 06 February 2020 14:03
Rate this item
(0 votes)