Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ပထမဆုံးအကြိမ် စဥ့်အိုးစဥ့်ထည်နှင့် ပုဂံဆီထီးများကို ရန်ကုန်မြို့ တွင် ပွဲတော်ပြုလုပ် သွားမည်

မြန်မာ့ရိုးရာ လက်မှုအနုပညာပစ္စည်းများကို နောင်လာနောက်သားများ တန်ဖိုးထားမြတ်နိုးတတ်လာစေရန်နှင့်

နိုင်ငံတကာဈေးကွက်သို့ ပြန်လည်ထိုးဖောက်နိုင်ရန် ရည်ရွယ်ပြုလုပ်သော စဥ့်အိုးစဥ့်ထည်နှင့် ပုဂံဆီထီးပွဲတော်ကို ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်အထိ (၁၁ ရက် တိုင်တိုင်) ညနေ ၄ နာရီခွဲမှ ည ၁၀ နာရီခွဲအထိ ရန်ကုန်မြို့  ပြည်သူ့ရင်ပြင်ရှိ စမ်းချောင်း Food Town ဧရိယာတွင် ပထမဆုံးအကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံမှာရှိတဲ့ စဥ့်အိုးစဥ့်ထည်တွေက အရင်တုန်းကတော့ နိုင်ငံခြားကို တင်ပို့မှုတွေရှိတယ်။ နောက်ပိုင်း မရှိတော့တာ ကြာပြီ။ ပြည်တွင်းဈေးကွက်လောက်ပဲရှိတော့တာဆိုတော့ နိုင်ငံခြားက လက်ခံလာအောင်၊ မှာယူသုံးစွဲလာအောင်၊ အဆင့်မီလာအောင်နဲ့ ပြည်တွင်းကလူတွေ မတွေ့ဘူးသေးတဲ့ အဆင့်မြင့် စဥ့်ထည်လက်ရာတွေ မြန်မာနိုင်ငံမှာရှိတယ်ဆိုတာကို ပြသပေးချင်တဲ့ စေတနာနဲ့  ရည်ရွယ်လုပ်ဖြစ်တာပါဟု စမ်းချောင်း Food Town ဧရိယာတည်ထောင်သူ ကိုအောင်မြတ်က ပြောပါတယ်။

 food

စဥ့်အိုးစဥ့်ထည်များကို စစ်ကိုင်းတိုင်းဒေသကြီးမှ မှာယူရပြီး ပုဂံဆီထီးများကိုလည်း ပုဂံဒေသမှ မှာယူကာ အများပြည်သူ လေ့လာကြည့်ရှုနိုင်အောင် ပွဲတော်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထို့အတူ ကျေးလက်ဒေသတွင်ရှိသည့် မြန်မာ့ရိုးရာလက်မှုပညာရှင်များ၏ လက်ရာများကို ပြန်လည်ဖော်ထုတ်ရာရောက်ကာ ၎င်းတို့၏ လက်ရာများကို ပြည်သူများက စိတ်ဝင်တစားဝယ်ယူ သုံးစွဲကြပါမှ ၎င်းတို့ ၏ မိသားစုအတွက်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အဆင်ပြေလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါပွဲတော်မှ သုံးစွဲသူ ပြည်သူ များနှင့် မြန်မာ့ရိုးရာ လက်မှုပညာရှင်များအကြား ပေါင်းကူးပေးမည့်ပွဲတော်ဖြစ်ကြောင်း ကိုအောင်မြတ်က ပြောကြားခဲ့ပါတယ်။

 foods

စမ်းချောင်း Food Town ဧရိယာတွင် ရိုးရာပွဲတော်များကို တစ်လတစ်ကြိမ် ကျင်းပလာခဲ့သည်ဖြစ်ရာ အောက်တိုဘာလတွင် အိုးပုတ်ပွဲတော်၊ နိုဝင်ဘာလတွင် ရုပ်သေးပွဲတော်နှင့် ဒီဇင်ဘာ လဆန်းပိုင်းတွင် Hand Made ပွဲတော်များကို ကျင်းပခဲ့ပြီး ယခု ဒီဇင်ဘာ ၂၁ ရက်တွင် စဥ့်အိုးစဥ့်ထည်နှင့် ပုဂံဆီထီးပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

လာမည့် ၂၀၁၉ ခုနှစ်တွင်လည်း ကြိမ်ထည်၊ ၀ါးထည်ပွဲတော်၊ တိုင်းရင်းသားရိုးရာပွဲတော်နှင့် အခြားပွဲတော်များကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Friday, 21 December 2018 13:54
Rate this item
(2 votes)