Event & Exhibition
The Pizza Company မှ ပြုလုပ်တဲ့ New Year Promotion ကံထူးရှင်များရွေးချယ်ပွဲ
The Pizza Company မှ New Year Promotion အဖြစ် ပြုလုပ်ခဲ့သော ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိတဲ့
ကံစမ်းမဲအစီအစဉ် ကံထူးရှင်များရွေးချယ်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် Myanmar Plaza Promotion Area တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ယင်းပွဲတွင် Pizza အစားပြိုင်ပွဲ၊ ကြက်ကြော်အစားပြိုင်ပွဲနှင့် FORD Car Game အစရှိတဲ့ ဂိမ်းအစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။
ယင်းအပြင် New Year Promotion ၏ ကံထူးရှင်ရွေးချယ်ပွဲသို့ အဆိုတော် ရဲလေး၊ အိမ့်ချစ်၊ ၀ိုင်းလေးနှင့် Life and Dance အကအဖွဲ့တို့မှလည်း လာရောက်ပါဝင်ဖျော်ဖြေပေးပြီး Miss ဟန်သီလည်း တက်ရောက်အားပေးခဲ့ ပါတယ်။
The pizza Company ၏ New Year Promotion အစီအစဉ်တွင် ကံထူးဆုများအဖြစ် တောင့်တင်းခိုင်မာမှုမှာ နာမည်ကြီးပြီး ကမ္ဘာကျော်အမေရိကန် Brand ဖြစ်တဲ့ Ford Fiesta 2017 Model Brand New ကားသစ်ကြီး အပါအ၀င် LG Electronics အမျိုးအစားပေါင်းများစွာ Vietnam Halong Bay Full Package Trip ၄ ညအိပ် ၅ ရက်ခရီးစဉ် (၂ ဦးအတွက်)၊ ဂျာမဏီနိုင်ငံထုတ် Karcher အမှတ်တံဆိပ်၊ သန့်ရှင်းရေးသုံးစက်ပစ္စည်းများ၊ The Pizza Company နှင့် Swensen’s Gift Voucher အပါအ၀င် ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိတဲ့ ဆုမဲပေါင်း ၁၀၀ ဆု ကို ထည့်သွင်းပြီး မဲနှိုက်ရွေးချယ်ပေးခဲ့ပါတယ်။
ယင်း The Pizza Company ၏ New Year Promotion သည် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်အတွင်း The Pizza Company ဆိုင်ခွဲတိုင်းတွင် ၂၉၀၀၀ ကျပ်ဖိုး စားသုံးပြီးတိုင်း ပါဝင်ကံစမ်းခွင့်လက်မှတ် ၁ စောင် ရရှိခဲ့တဲ့ အစီအစဉ်လည်းဖြစ်ပါတယ်။
The Pizza Company မှ စားသုံးသူများအတွက် ပိုမိုအဆင်ပြေစေရန်အတွက်လည်း ဖုန်းနံပါတ် ၀၉-၉၆၆ ၆၀၀ ၆၀၀ သို့ ဖုန်းဆက်ပြီး အိမ်အရောက်ပို့ဆောင်မှုနဲ့အတူ The Pizza Company ရဲ့ Menu တွေကိုလည်း မှာယူ အားပေးနိုင်ပါတယ်။