Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ပဉ္စမအကြိမ်မြောက် Myanmar FoodBev နှင့် တတိယအကြိမ် Myanmar Retail Sourcing Expo 2018 သတင်းစာရှင်းလင်းပွဲ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မြန်မာနိုင်ငံစားသောက်ဆိုင်များအသ်း (MRA) နှင့် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း (MMRA) ၏ ခိုင်မာသည့် ပံ့ပိုးမှုဖြင့် ပြည်တွင်းနှင့် ထိုင်း၊

စင်္ကာပူ၊ မလေးရှား၊ တရုတ်နှင့် ထိုင်ဝမ်စသည့် နိုင်ငံတကာ ခင်းကျင်းပြသသူများ၏ နောက်ဆုံးပေါ်အကောင်းဆုံး အစးအသောက်နှင့် အဖျော်ယမကာ ပံ့ပိုးမှု၊ တပ်ဆင်မှုနှင့် အပြင်အဆင်၊ အရောင်းနှင့် ဖြေရှင်းမှုနည်းပညာများနှင့် ရောင်းကုန်အမျိုးအစားများစသည့် ကမ်းလှမ်းချက်များကို မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ ပဉ္စမအကြိမ်မြောက် Myanmar FoodBev နှင့် တတိယအကြိမ် Myanmar Retail Sourcing Expo 2018 တွင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

 

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းသည် ၎င်း၏တောက်ပသည့်လမ်းကြောင်းကို တိုးချဲ့ မှုများအတွင်း လစ်လပ်သည့် ရောင်းချမှုနေရာအသစ်များအား (၂၀၁၇) မှစ၍ ခေတ်သစ်ရောင်းချမှုပုံစံ၊ လျော့ချထားသည့် ကန့်သတ်ချက်များဖြင့် ချထားပေးလျှက်ရှိရာ ပြည်တွင်း ပါတနာများမှ နိုင်ငံတကာ နယ်ပယ်များနှင့်အတူပို၍ လွယ်ကူချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း၊ ရောင်းချသူအများအပြား၏ မြန်မာနိုင်ငံအတွင်း ကြွေးဝယ်ကဒ်နှင့် အီလက်ထရောနစ်ပေးချေမှုများကို လက်ခံမှုမှာ အချိန်နှင့်အမျှ ပို၍ တိုးများလာခြင်း စသည်ဖြင့် နိုင်ငံသားငွေကြေးအခြေခံစီးပွားရေးမှ အီလက်ထရောနစ်နှင့် မိုဘိုင်းအခြေခံသည့် စီးပွားရေးသို့ ဦးတည်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အစားအသောက်နှင့် အဖျော်ယမကာ၏ အရေးပါမှုကဏ္ဍမှာလည်း စူပါမားကက်နှင့် အဆင်ပြေချောမွေ့စေရေး၊ စတိုးဆိုင်များ၏ အရေအတွက်အရ ခိုင်မာစွာ ရပ်တည်နေသည့်အပြင် ပုံမှန်အားဖြင့် အဓိကကျသည့် လူမှုပတ်ဝန်းကျင်များနှင့် လူဦးရေသိပ်သည်းသည့် ဇုန်များတွင် တိုးတက်မြင့်မား လျှက်ရှိပါတယ်။

စီးပွားရေးအသိဥာဏ်စင်တာ (EIC) ၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အလယ်အလတ်ဝင်ငွေရှိ လူတန်းစားအရေအတွက် စုစုပေါင်း ၁၀ သန်းရှိပြီး အကြမ်းအားဖြင့် စုစုပေါင်းလူဦးရေ၏ ၂၀% ဖြစ်ကြောင်း သိရပါတယ်။ ၎င်းတို့မှ အဆင့်မြင့်တင်သွင်းလာသည့် အသား၊ ပင်လယ်စာ၊ နို့ထွက်ပစ္စည်း၊ အဖျော်ယမကာနှင့် အော်ဂင်းနစ်များအပေါ် တောင်းဆိုမှုမှာ အရှိန်အဟုန်ဖြင့် လည်ပတ်လျှက်ရှိကြောင်း သိရပါတယ်။

 

 

ပြပွဲတွင် ထင်ရှားသည့် အမှတ်အသားများဖြစ်သော ကုန်ပစ္စည်းသစ်များဖြန့်ချိခြင်း၊ မြန်မာနိုင်ငံစားသောက်ဆိုင်များအသင်း (MIA) နှင့် မြန်မာနိုင်ငံလက်လီလက်ကားရောင်းချသူများအသင်း (MMRA) ၏ အထူးလုပ်ငန်းစဉ်ကမ်းလှမ်းမှုများပါဝင်ပြီး ယင်းပြပွဲအတွင်း ကျွမ်းကျင်ကုန်သည်များ အရောင်းကိုယ်စားလှယ်များ စူပါမားကက်များ အဆင်ပြေချောမွေ့စေရေး၊ စတိုး၊ ဟိုတယ်များနှင့် စားသောက်ဆိုင်ဖြန့်ချိသူများ ရှောပင်းမောများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များမှ ကုန်ပစ္စည်းအမှတ်တံဆိပ် အသစ်ဖြည့်စွက်မှုနှင့် စက်မှု networking လုပ်ငန်းအများအပြားကို စုစည်းနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

 

ပဉ္စမအကြိမ်မြောက် Myanmar FoodBev နှင့် တတိယအကြိမ် Myanmar Retail Sourcing Expo 2018 အား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်မှ (၁၉) ရက်နေ့အထိဖြစ်ပြီး အချိန်မှာ နံနက် (၉း၃၀) မှ ညနေ (၅း၃၀) အထိ တပ်မတော်ခန်းမ ရန်ကုန်မြို့တွင် ၀င်ကြေးအခမဲ့ဖြင့် ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 11:36
Rate this item
(1 Vote)