Event & Exhibition
Top Thai Brands ကုန်စည်ပြပွဲကြီး
နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေကြဖြစ်တဲ့ Top Thai Brands ကုန်စည်ပြပွဲကြီးပြန်လည်ရောက်ရှိလို့လာပါပြီ။
Top Thai Brands 2019 ကိုဖေဖော်ဝါရီလ ၂၁-၂၄ ရက်နေ့အတွင်း ရန်ကုန်မြို့တပ်မတော်ခန်းမမှာ မနက် ၁၀ နာရီ မှ ညနေ ၆နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီပွဲကြီးမှာ ဆိုင်ခန်းပေါင်း ၁၂၆ ဆိုင်နှင့်အတူ ထိုင်းနိုင်ငံထုတ် အရည်အသွေးမြင့် ကုန်ပစ္စည်းများ၊ နာမည်ကြီး brands များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်၊ အီလက်ထရောနစ်ပစ္စည်းများ၊ Fashion ပစ္စည်းများအပါအဝင် မီးဖိုချောင်သုံးပစ္စည်းများကို တစ်နေရာတည်းတွင် အမျိုးအစားစုံလင်စွာဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းရိုးရာအစားအသောက်များ နဲ့ သစ်သီးဝလံများကို ဆိုင်ခန်းပေါင်း ၃၀ ကျော်ဖြင့် ခင်းကျင်းရောင်းချပေးဦးမှာလည်းဖြစ်ပါတယ်။
ဒါ့ကြောင့် ထိုင်းအစားအစာကိုမှ ကြိုက်နှစ်သက်ကြတဲ့ သူတွေအားလုံး လာရောက်လေ့လာ စားသုံးကြည့်ကြဖို့နဲ့ နေ့စဉ် Lucky Draw အစီအစဉ်များလည်းပါဝင်မှာဖြစ်တဲ့အတွက် ဒီပွဲကြီးကို လက်မလွတ်ဘဲ အရောက်လှမ်းလာဖို့ဖိတ်ခေါ်လိုက်ပါရစေနော်။
ဒီပွဲနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက
ခင်ပိုးနုလွင်
Mobile: +959 795382466
Email: christine@modernmyanmar.tv
သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။