Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


" မက်ဂီ မေမေများနေ့ အထိမ်းအမှတ် ဟင်းချက်ပြိုင်ပွဲကြီး - ချစ်မေတ္တာဖြင့်ချက်မည် မက်ဂီ "

ဟင်းချက်ဝါသနာပါတဲ့ အိမ်ရှင်မတွေအတွက် ဆုငွေ ၁၀ သိန်းရရှိ ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးကြီး ရောက်ရှိလို့ လာပါပြီ။

 

မက်ဂီက ကြီးမှူးပြီး အမေများနေ့အထိမ်းအမှတ်အဖြစ် တတိယအကြိမ်မြောက် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်မယ့် “ချစ်မေတ္တာဖြင့်ချက်မည် မက်ဂီ” ဟင်းချက်ပြိုင်ပွဲကြီးကို မေလ ၁၁ ရက်နေ့ (စနေနေ့) တွင်၊ ရန်ကုန်မြိ့ Junction Square ၌ ပျော်ရွှင်စရာအစီအစဉ်များစွာနဲ့အတူ ကျင်းပသွားမှာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် ပြိုင်ပွဲဝင် (၂၅) ယောက် ကို MAGGI Myanmar ကနေ ပထမအဆင့် စိစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်။

 

ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ ဘာတွေလုပ်ရမလဲ ?

- မိမိချက်ပြုတ်ယှဉ်ပြိုင်လိုသည့် ဟင်းတစ်မျိုး၏ ချက်ပြုတ်ပုံနည်းလမ်း Recipe အား ရှင်းလင်းစွာရေးသားထားသည့် စာ(သို့) စာကိုရိုက်ထားသည့်ဓါတ်ပုံကို We Food ၏ Message Box ထဲသို့ မိမိအမည်၊ဖုန်းနံပါတ်နဲ့ အတူ မေလ ၆ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ပါ။

 

Read More >>>>>   ဗိုက်အဆာခံစေတဲ့ အသီးအနှံများ

 

- ပါဝင်ယှဉ်ပြိုင်လာသူတွေထဲကမှ အကောင်းဆုံး ဟင်းချက်နည်းတွေကို ပေးပို့လာသူ ၂၅ ယောက်ကို ရွေး ချယ်ပြီး မေလ ၉ ရက်နေ့မှာ MAGGI Myanmar Facebook စာမျက်နှာကနေ ထုတ်ပြန် ကြေညာပေးသွားမှာပဲ ဖြစ်ပါတယ်။

 

ပြိုင်ပွဲစည်းကမ်းချက်များ

- ပြိုင်ပွဲဝင်သည် အသက် ၂၅ နှစ်မှ ၄၀ နှစ်အတွင်း မိခင်ဖြစ်ရမည်။

 

- ပြိုင်ပွဲဝင်ဟင်းလျာအတွက် ချက်ပြုတ်ပုံနည်းလမ်းကို ပြေပြစ်ချောမောစွာရေးသားပြီး စာဖြင့်ဖြစ်စေ၊ ဓါတ်ပုံ ရိုက်၍ဖြစ်စေ Message Box ထဲသို့ ပေးပို့ရမည်။

 

- ပေးပို့ယှဉ်ပြိုင်လာသူများထဲမှ ဖန်တီးမှုအကောင်းဆုံးဖြစ်သော ဟင်းချက်နည်းကို ရေးသားပေးပို့လာသူ ၂၅ ဦးကို ပဏမအဆင့် ရွေးချယ်သွားမည်ဖြစ်သည်။

 

- ပဏမရွေးချယ်ထားသည့်ပြိုင်ပွဲဝင် (၂၅) ဦးအနေဖြင့် မေလ (၁၁)ရက်နေ့ Junction Square တွင် ပြုလုပ်ကျင်းပမည့် "ချစ်မေတ္တာဖြင့်ချက်မည် မက်ဂီ" ဟင်းချက်ပြိုင်ပွဲတွင် လက်တွေ့ချက်ပြုတ်ကာ အဆင့်ဆင့် ယှဉ်ပြိုင်သွားကြရမှာဖြစ်ပါတယ်။

 

- ဆုများအဖြစ် ပထမဆု (၁၀) သိန်း၊ ဒုတိယဆု (၅) သိန်းနှင့် တတိယဆု (၃) သိန်းတို့ကို ရွေးချယ်ချီးမြှင့် ပေးသွားမှာဖြစ်ပါတယ်။

 

- ဆုရွေးချယ်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုတစ်စုံတရာပေါ်ပေါက်ပါက မက်ဂီ၏ အဆုံးအဖြတ်သာအတည် ဖြစ်ပါတယ်။

Read times Last modified on Monday, 06 May 2019 17:14
Rate this item
(1 Vote)