Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ဆဋ္ဌမအကြိမ်မြောက်ကျင်းပမယ့် Food & Hotel Myanmar (FHMM) 2019

အစားအစာနှင့် အဖျော်ယမကာ၊ ဟိုတယ်၊ မုန့်ဖုတ်လုပ်ငန်း၊ စားသောက်ဆိုင်နှင့် အစားအစာ ဝန်ဆောင်မှုဆိုင်ရာ ကိရိယာများ၊ ထောက်ကူပစ္စည်းများနှင့် ဝန်ဆောင်များအတွက် ဆဋ္ဌမအကြိမ်မြောက်အဖြစ် ကျင်းပသော နိုင်ငံတကာပြပွဲကြီးဖြစ်သည့် Food & Hotel Myanmar (FHMM) 2019 ကို

 

ဖွံ့ဖြိုးလာသည့် ခရီးသွားလုပ်ငန်းအတွက် ရည်ရွယ်ပြီး လာရောက်ကြည့်ရှုသူများအတွက် ပိုမိုကောင်းမွန် သော အဆင့်မြင့်ဝန်ဆောင်မှုများအပြင် ရန်ကုန်မြို့ လယ်မှ လာရောက်ရန် ပိုမိုလွယ်ကူသည့် နေရာသစ်ဖြစ်သော၊ လုံလောက်သော ကားရပ်နားရန် နေရာများ ထောက်ပံ့ပေးနိုင်သော Fortune Plaza တွင် တည်ရှိသည့် Myanma Expo ခန်းမတွင် ကျင်းပမည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၏ အစားအစာနှင့် ဧည့်ခံကြိုဆိုမှုဆိုင်ရာလုပ်ငန်းများအတွက် အကြီးမားဆုံး နိုင်ငံတကာပြပွဲဖြစ်သော Food & Hotel Myanmar 2019 တွင် နောက်ဆုံးပေါ်နည်းလမ်းများ၊ အကြံဥာဏ်များ၊ အစားအစာနှင့် အဖျော်ယမကာဆိုင်ရာ နည်းပညာများကို ပြသမည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ပိုမိုတိုးတက်လာမည်ဟု  မျှော်မှန်းထားကြပြီး အစားအသောက်နှင့် ဧည့်ခံကြိုဆိုမှုဆိုင်ရာလုပ်ငန်းမှာ တိုင်းပြည်စီးပွားရေး၏ (၆၀%) နီးပါးရှိကာ အဆိုပါ တိုးတက်မှု၏ အဓိကနေရာတွင် ရပ်တည်နေမည်ဖြစ်ပါသည်။

 

ကမ္ဘာလှည့်ခရီးသည်များ အတွက် အဓိကအရေးပါသော အကြောင်းအရာတစ်ခုဖြစ်သည့် အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ ကဏ္ဍတွင် တိုးတက်လာခဲ့မှုများသည် ကုမ္ပဏီများအတွက် အဆိုပါနယ်ပယ်တွင် စိတ်ဝင်စားစရာ တိုးတက်လာမည့် အလားအလာများ ဖြစ်ပါသည်၊

 

ပြပွဲကို လာရောက် ကြည့်ရှုသူ အရေအတွက် (၇၅၀၀) ခန့် ရှိမည်ဟု ခန့်မှန်းထားပြီး ၎င်းတို့သည် ကော်ဖီနှင့် လက်ဖက်ရည်၊ ဝိုင်နှင့် အဖျော်ယမကာ၊ ဧည့်ခံကြိုဆိုမှုနှင့် လက်လီရောင်းချခြင်း၊ အစားအစာနှင့် အဖျော်ယမကာ ထုတ်ကုန်နှင့် ပါဝင်ပစ္စည်းများအတွက် စက်ပစ္စည်းကိရိယာများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ရှာဖွေခြင်းဖြင့် အတွေးအခေါ်သစ်နှင့် စီးပွားရေးအခွင့်အလမ်းသစ်များ ရရှိနိုင်ကြမည်လည်း ဖြစ်ပါသည်။ အဆိုပါ နည်းပညာများကို နိုင်ငံပေါင်း (၂၁) နိုင်ငံမှ ကိုရီးယား၊ စင်္ကာပူ။ အမေရိက၊ အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ နိုင်ငံတကာပြခန်းတွဲ (၅) ခန်း အပါအဝင် ပါဝင်ပြသသူ  (၁၀၀) ကျော်တို့မှ ထိပ်တန်းနိုင်ငံတကာ ကုန်အမှတ်တံဆိပ် (၂၅၀) ကျော် ပြသမည်ဖြစ်ပါသည်။

 

Read More >>>>>> စားချင်စဖွယ် ရေခဲမုန့်ကြော်

 

လာရောက်ကြည့်ရှုသူများအနေဖြင့် ပြပွဲတွင် ပါဝင်ပြသကြသော ကုမ္ပဏီများမှာ Arctic Sun, Aroma Gourmet, Bara Stainless, Berry Callebaut, California Milk, Element, Fabbri, Global Silk Road, Hario, KCG, Kewpie, aTKorea, Lavazza, Metro Mulwarra, Potatoes USA, Premium, Simplot, Sithar Coffee, USDA, U.S.Meat, USA Poultry, U Kyu နှင့် အခြားသော ထိပ်တန်းပစ္စည်းထောက်ပံ့ပေးသွင်းသူများနှင့် တွေ့ဆုံနိုင်မည်ဖြစ်ပါသည်။

 

ဆဋ္ဌမအကြိမ်မြောက် မြန်မာဟင်းချက်ပြိုင်ပွဲ (MCAC) 2019, FoSTAM  Seminar နှင့် Quiz Bowl 2019, Sithar Coffee မှ Mr. Luigi Lupi တင်ဆက်မည့် SCA Coffee Modules တို့အပြင် The 1st Myanmar  National Latte Art Championship (MNLAC) မြန်မာနိုင်ငံအတွက် ပထမဆုံး Latte Art ဆိုင်ရာ ပြိုင်ပွဲဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းမှ ဘာရီစတာများသည် ၎င်းတို့၏ ကော်ဖီဆိုင်ရာ ကျွမ်းကျင်မှုများကို အနုပညာတစ်ရပ်အဖြစ် ဖန်တီးပြသကာ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၏ တိုးတက်လာသော ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးကဏ္ဍတွင် ပါဝင်နိုင်စေရန် (၂၀၁၉) ခုနှစ်၊ ဇွန်လ (၅) ရက်မှ (၇) ရက်နေ့အထိ ရန်ကုန်မြို့ ၊ Myanmar Expo (ME) တွင် ကျင်းပမည့် အစားအသောက်နှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ကုန်သွယ်မှုပြပွဲသို့ သွားရောက်ကြည့်ရှုနိုင်ပါသည်။

Read times Last modified on Tuesday, 14 May 2019 13:38
Rate this item
(1 Vote)