Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


Vito နဲ့အတူ မေမေတို့ ပြင်ဆင်ပေးမယ့် “မေတ္တာပြည့်ဝ နေ့လည်စာအာဟာရ” ပြိုင်ပွဲကြီး

Kids Dream World ပွဲတော်ကြီးရဲ့  ပြိုင်ပွဲအစီအစဉ်များစွာထဲက တစ်ခုကတော့ “မေတ္တာပြည့်ဝ နေ့လည်စာအာဟာရ” ပြိုင်ပွဲကြီးပဲဖြစ်ပါတယ်။


မိသားစုအတွက် နေ့စဉ်အစားအစာ ပြင်ဆင်ပေးနေတဲ့ အိမ်ရှင်မ မေမေတွေ ဒါမှမဟုတ် အိမ်ရှင်ထီး ဖေဖေတွေရှိမှာပေါ့။ ဒါဆို ပူတူးလေးတို့အတွက်လည်း အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ပြင်ဆင်ပေးမှာပါပဲ။

 


ဒါကြောင့် မေမေ၊ ဖေဖေ တို့အတွက် အထူးအစီအစဉ်လေး တစ်ခုကို KIDS DREAM WORLD ပွဲတော်ကြီးမှာ ထည့်သွင်းစီစဉ်ပေးတာဖြစ်ပါတယ်။

 


ပြိုင်ပွဲအစီအစဉ်လေးကတော့ ကလေးတို့အကြိုက် Vito နို့တစ်ဗူးနဲ့အတူ ပူတူးလေးတွေအတွက် အာဟာရပြည့်ဝတဲ့ နေ့လည်စာ (သို့) ထမင်းဘူးကို မေမေ၊ ဖေဖေတို့က ပြင်ဆင်ပေးရမှာဖြစ်ပါတယ်။

 

Read More >>>>>   ကိုရီးယား ရေညှိဟင်းရည်

 


 ပြိုင်ရမယ့်ပုံစံအဆင့်ဆင့်ကတော့

 

ပူတူးတို့အတွက် မေမေတို့ပြင်ဆင်ထားတဲ့ Vito နို့နဲ့ နေ့လည်စာ (သို့) ထမင်းဘူးကို ဓာတ်ပုံရိုက်ပြီး PuTuu Event Page ရဲ့ Message Box ကို ပေးပို့ရပါမယ်။ ဒီလိုပေးပို့တဲ့အခါမှာလည်း  မေမေ၊ ဖေဖေတို့အနေနဲ့ ဘာကြောင့် ဒီလိုပြင်ပြီး ကျွေးဖြစ်တာလဲဆိုတဲ့ အကြောင်းအရင်းကိုပါ ရေးသားပေးပို့ရမှာဖြစ်ပါတယ်။

 


ပေးပို့လာတဲ့ ဓါတ်ပုံများကို PuTuu Event Page မှာ အမှတ်စဉ်နဲ့အတူ ပြန်လည်ဖော်ပြပေးသွားမှာဖြစ်ပြီး ပါဝင်ဆွေးနွေးမှုများတဲ့ (Comment အများဆုံးရရှိတဲ့) ပြိုင်ပွဲဝင်မေမေ၊ ဖေဖေ (၅)ဦးကို ဆုများချီးမြှင့်သွားမှာဖြစ်ပါတယ်။

 


ပြိုင်ပွဲဝင်ကာလာကတော့ ယခုဖော်ပြတဲ့အချိန်က စတင်လို့ (၅.၇.၂၀၁၉) ရက်နေ့ နေ့လည် ၁၂ နာရီအချိန်အထိပဲဖြစ်ပါတယ်။

 


ချီးမြှင့်သွားမယ့် ဆုတွေက ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုများပဲဖြစ်ပါတယ်။ ဆုများကို Vito မှ ထိုက်ထိုက်တန်တန်ချီးမြှင့်သွားမှာဖြစ်ပါတယ်။

 


ဆုရရှိသူများကိုလည်း PuTuu Event Page မှာ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။

 

 

 ပြိုင်ပွဲဝင်စည်းမျဉ်းများကတော့

 

-  ပထမဆုံး PuTuu Page နဲ့ PuTuu Event Page တွေကို Like & Follow ပြုလုပ်ပေးထားရပါမယ်။

 

-  ဒုတိယအချက်အနေနဲ့ မေမေတို့ ပြင်ဆင်ပေးတဲ့ မနက်စာကို ဓါတ်ပုံရိုက်ပြီး ဒီဓာတ်ပုံနှင့်အတူ ကလေးအမည်၊ အသက်၊ မေမေ့အမည်၊ ဆက်သွယ်ရန် တွေကို ပြည့်စုံစွာရေးသားပြီး PuTuu Event Page ရဲ့ Message Box ကို ပေးပို့ရပါမယ်။

 

-  ပေးပို့တဲ့အခါမှာလည်း **ပြိုင်ပွဲခေါင်းစဉ် - “မေတ္တာပြည့်ဝ နေ့လည်စာအာဟာရပြိုင်ပွဲ** လို့ပါ တစ်ပါတည်း ရေးသားပေးရပါမယ်။

 

-  ပြိုင်ပွဲဝင်မေမေတို့အနေနဲ့ (၅.၇.၂၀၁၉)ရက်နေ့ နေ့လည် (၁၂)နာရီ အထိ နောက်ဆုံးထားကာ ပေးပို့နိုင်ပါတယ်။

 

 စည်းကမ်းချက်များနှင့် မကိုက်ညီသောသူများကို ထည့်သွင်း စဉ်းစားပေးမှာ မဟုတ်ပါဘူး။

 

 အငြင်းပွားဖွယ် တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက PuTuu Team ၏ အဆုံးအဖြတ်ကိုသာ အတည်ယူမှာဖြစ်ပါတယ်။

Read times Last modified on Thursday, 20 June 2019 09:14
Rate this item
(1 Vote)