Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်ကျင်းပ

Unicode

တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်ကျင်းပ

(၇၃)  နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နဝမအကြိမ်မြောက် တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်နှင့်  တိုင်းရင်းသားယဉ်ကျေးမှုပဒေသာကပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မန္တလာသီရိဘောလုံးအားကစားကွင်းတွင် ကျင်းပခဲ့ပါတယ်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်၊ မန္တလေးအခြေစိုက်တိုင်းရင်းသားလူမျိုးစုများအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။

 

Confectionary (46)မုုန္႔မ်ိဳးစံုလုပ္ငန္းမ်ား (၄၆) ခုကိုရွာရန္ႏွိပ္ပါ။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖွင့်လှစ်ပြသထားသော ပြခန်းများကို လိုက်လံကြည့်ရှုခဲ့ပါတယ်။

 

အဆိုပါပြပွဲတွင် တိုင်းရင်းသားလူမျိုးစု ၁၈ စု၏ ဒေသထွက်ကုန်၊ ရိုးရာအသုံးအဆောင်၊ ရိုးရာအစားအစာများ ပါဝင်သော ပြခန်းပေါင်း ၃၄ ခန်းနှင့်အတူ  စာအုပ်အရောင်းပြခန်း ၅၀ စသည့်ပြခန်း စုစုပေါင်း ၈၀ ကျော်ကို ဖော်ဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်ပြသလျက်ရှိကြောင်း တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှုအက ပဒေသာပြပွဲကို နေ့စဉ် ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ ကပြဖျော်ဖြေလျက်ရှိကြောင်း သိရပါတယ်။

 

#MFID

 

 

တိုင္းရင္းသားလူမ်ဳိးစုမ်ား ေစ်းေရာင္းပြဲေတာ္က်င္းပ

 

(၇၃)  ႏွစ္ေျမာက္ ျပည္ေထာင္စုေန႕အထိမ္းအမွတ္ နဝမအႀကိမ္ေျမာက္ တိုင္းရင္းသားလူမ်ဳိးစုမ်ား ေစ်းေရာင္းပြဲေတာ္ႏွင့္  တိုင္းရင္းသားယဥ္ေက်းမႈပေဒသာကပြဲ ဖြင့္ပြဲအခမ္းအနားကို ေဖေဖာ္ဝါရီ ၁၀ ရက္ နံနက္ပိုင္းက မႏၱေလးတိုင္းေဒသႀကီး ခ်မ္းျမသာစည္ၿမိဳ ႔နယ္ မႏၱလာသီရိေဘာလံုးအားကစားကြင္းတြင္ က်င္းပခဲ့ပါတယ္။

 

ေရွးဦးစြာ မႏၱေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႔ ဝင္ ရွမ္းတိုင္းရင္းသားလူမ်ဳိးေရးရာဝန္ႀကီး ဦးစိုင္းပန္ဆိုင္၊ မႏၱေလးအေျခစိုက္တိုင္းရင္းသားလူမ်ဳိးစုမ်ားအဖြဲ႔ဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ားက အခမ္းအနားကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ခဲ့ပါတယ္။

 

Confectionary (46)မုုန္႔မ်ိဳးစံုလုပ္ငန္းမ်ား (၄၆) ခုကိုရွာရန္ႏွိပ္ပါ။

 

ဆက္လက္၍ မႏၱေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႔ ဝင္ ရွမ္းတိုင္းရင္းသားလူမ်ဳိးေရးရာဝန္ႀကီး ဦးစိုင္းပန္ဆိုင္က အဖြင့္အမွာစကားေျပာၾကားၿပီး တာဝန္ရွိသူမ်ားႏွင့္အတူ (၇၃) ႏွစ္ေျမာက္ ျပည္ေထာင္စုေန႕အထိမ္းအမွတ္ ဖြင့္လွစ္ျပသထားေသာ ျပခန္းမ်ားကို လိုက္လံၾကည့္႐ႈခဲ့ပါတယ္။

 

အဆိုပါျပပြဲတြင္ တိုင္းရင္းသားလူမ်ဳိးစု ၁၈ စု၏ ေဒသထြက္ကုန္၊ ႐ိုးရာအသံုးအေဆာင္၊ ႐ိုးရာအစားအစာမ်ား ပါဝင္ေသာ ျပခန္းေပါင္း ၃၄ ခန္းႏွင့္အတူ  စာအုပ္အေရာင္းျပခန္း ၅၀ စသည့္ျပခန္း စုစုေပါင္း ၈၀ ေက်ာ္ကို ေဖာ္ေဖာ္ဝါရီ ၁၀ ရက္မွ ၁၂ ရက္အထိ ဖြင့္လွစ္ျပသလ်က္ရွိေၾကာင္း တိုင္းရင္းသားလူမ်ဳိးစုမ်ား၏ ႐ိုးရာယဥ္ေက်းမႈအက ပေဒသာျပပြဲကို ေန႕စဥ္ ညေန ၆ နာရီမွ ည ၁၁ နာရီအထိ ကျပေဖ်ာ္ေျဖလ်က္ရွိေၾကာင္း သိရပါတယ္။

 

#MFID

Read times Last modified on Saturday, 22 February 2020 09:16
Rate this item
(0 votes)