Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ကမ္ဘာ့အဆင့်မီ စားသောက်ကုန်နှင့် ကုန်စည်ပြပွဲကြီး

Food & Hotel Myanmar Exhibition သည် နှစ်စဉ်ကျင်းပလေ့ရှိသော ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့်မားသော စားသောက်ကုန်များ၊ ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းများ နှင့်ပတ်သက်သော ပြပွဲဖြစ်ပါသည်။

 

စားသောက်ကုန်နှင့် ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အနှစ်သက်ဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်သည့် FHMM exhibition ကြီးအား ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးငှာန နှင့် အခြားသော မြန်မာနိုင်ငံရှိ ထိပ်တန်း အစားအသောက်နှင့် ဟိုတယ်လုပ်ငန်းရှင် အသင်းအဖွဲ့ (၈)ခုမှ အဓိက ကူညီပံပိုးပေးထားပါသည်။

 

မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ကမ္ဘာ့အဆင့်မှီ စားသောက်ကုန် နှင့် ကုန်စည်ပြပွဲကြီးသည် Food and Hotel Industry အတွင်းမှ ပညာရှင်ပေါင်း ၈၀၀၀ ကျော်နှင့် အချိတ်အဆက်များရရှိနိုင်သည့် အခွင့်အရေးများ အပြင် ဈေးကွက်စီးပွားရေးဆိုင်ရာ အခွင့်အလမ်းကောင်းများစွာ ပေးစွမ်းနိုင်မည်ဖြစ်သောကြောင့်လူကြီးမင်းတို့အနေဖြင့် လက်မလွတ်သင့်သော ပြပွဲကြီးတစ်ခုဖြစ်ကြောင်း သိရပါတယ်။

 

(၆) ကြိမ်မြောက် Food & Hotel Myanmar Exhibition  2019 ပွဲကြီးအား ဇွန်လ ၅ ရက်မှ ၇ရက်အထိ (၃)ရက်တိုင်တိုင် Myanmar Expo (ME) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

 Read More >>>>>  သစ်သီးစိမ်ရေလေးလုပ်ပြီး သောက်ကြရအောင်

Food & Hotel Myanmar Exhibition  2019 ၏ ပြိုင်ဘက်ကင်းသော စီးပွားရေးအမြင်နှင့် ရည်မှန်းချက်များရှိခြင်း၊ ဈေးကွက်စီးပွားရေးဆိုင်ရာ အချိတ်အဆက်ကောင်းများရရှိ စေနိုင်ခြင်း၊ ကမ္ဘာ့အဆင့်မီ ပြိုင်ပွဲများနှင့် ပညာပေးဆွေးနွေးပွဲများကျင်းပပြုလုပ်ခြင်းတို့ကြောင့် စားသောက်ကုန်နှင့် ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာ စိတ်ဝင်စားသူများ၏ ယုံကြည်မှုအခိုင်အမာရရှိထားသည့်အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ လည်းပိုမိုများပြားလာအောင် လုပ်ဆောင်ပေးလျှက်ရှိပါသည်။

 

Read times Last modified on Thursday, 18 April 2019 17:35
Rate this item
(1 Vote)